Chapter 12

2.1K 216 42
                                    

ဝမ်ရိဖေးက ဖုန်းကြိုဆက်ထားမိူ့ ရိပေါ်တို့အဆောင်ရှေ့က ခုံတန်းလေးမှာ ထိုင်စောင့်နေမိသည်။

"ဝမ်လေး...."

"မမ....ဘာလို့လိုက်လာတာလဲ မမရယ်...."

ရိပေါ်ကို မြင်တာနဲ့ အနောက်က သူငယ်ချင်းနှစ်ယောက်ကို ချန်ခဲ့ပြီး ရိဖေးအပြေးလေးသွားမိသည်။

"မလာဘဲ မနေနိုင်လို့မောင်လေးရယ်....အဆင်ရောပြေရဲ့လား...."

ရိပေါ်လက်ကလေးကို ဆွဲကိုင်ကာ ထိခိုက်မိတာရှိ‌သလားဟု တကိုယ်လူံးကိုအစုန်အဆန်ကြည့်ကာ ရိပေါ်ပါးပြင်ဥဥလေးကို ခပ်ဖွဖွထိကိုင်ရင်း မေးမိတဲ့ ရိဖေးမှာ ငိုချင်စိတ်တို့ကြောင့် စကားသံရဲ့ အဆုံးသတ်တို့က မလှပစွာ။

"ငါအဆင်ပြေပါတယ်....တကယ်ပြောတာ...."

သူ့လက်ကို ဆုပ်ကိုင်ထားတဲ့ ရိဖေးလက်ကလေးပေါ်ကို အုပ်ကိုင်ထားပြီး မျက်လူံးချင်းဆုံအောင်ကြည့်ကာ ရိပေါ်အဆင်ပြေကြောင်းပြောမိသည်။ထိုအခါမှ ရိဖေးမျက်နှာလေးက ပြန်လန်းလာပြီး

"အေးပါ....အဲ့လိုမဟုတ်မှာဘဲ ငါကစိတ်ပူနေတာ...."

အနားရောက်လာသော အကြောင်းမသိသေးသည့် Seanမှာတော့ ကျောင်းလာတက်တာကို စစ်ပွဲပြန်လာ‌သော လူလို မေးမြန်းနေတဲ့ ရိဖေးတို့ မောင်နှမကို ‌အကြောင်သား ကြည့်နေမိသည်။

"သူငယ်ချင်းတွေပါ လိုက်လာကြတာလား....‌"

စကားလမ်းကြောင်းလွဲသည့် အနေဖြင့် ရိပေါ်က စကားစလိုက်မှ

"ဟုတ်တယ်...ဪ မိတ်ဆက်ပေးရဦးမယ်....ရန်ရန်ကတော့ ဝမ်လေးကိုသိတယ်မလား....ဝမ်လေး ဒါမမတို့သူငယ်ချင်းအသစ်...Seanတဲ့....အကိုSean သူက ကျွန်မရဲ့ အမွှာမောင်လေးလေ...."

ရိဖေးလဲ အလိုက်အထိုက်စကားပြန်ကာ Seanနဲ့ မိတ်ဆက်ပေးလိုက်သည်။

"တွေ့ရတာ ဝမ်းသာပါတယ်....ကျနော် Seanပါ...."

"ဟုတ်ကဲ့....ကျနော်က ဝမ်ရိပေါ်ပါ...."

လက်ဆွဲနှုတ်ဆက်ရင်း သူ့ကိုယ်သူ Seanဟုပြောနေသော ထိုလူက ဘဝင်ရူးရှောင်းကျန့်နဲ့ တော်တော်ကိုတူသည်မို့ ရိပေါ်မသိမသာ အကဲခတ်နေမိသည်။

ရင်ခုန်သံများရဲ့ အမိန့်( ရင်ခုန်သံများရဲ့ အမိန့်)Where stories live. Discover now