Chapter 18

2.2K 230 60
                                    

"အဲ့ဒါက ဘယ်လိုဖြစ်နေကြတာတုန်း....."

ရွှေယောက်ဖလောင်းကို မျက်နှာပူပူနဲ့ တောင်းပန်ဖို့ စကားလုံးစီနေတုန်း ငှက်ဆိူးထိုးသံကြီးကို ကြားလိုက်ရခြင်းကြောင့် စိတ်ပျက်ခြင်းများနဲ့အတူ Seanမျက်နှာကြီး ရှုံ့မဲ့သွားရကာ ကျစ်စုပ်သုတ်လိုက်မိသည်။

"ဝမ်မျိုးရိုး မင်းကို ကိုယ်ဘာပြောထားသလဲ...."

ဒေါသတကြီးနှင့် သူတို့နားကိုရောက်လာသော ‌အကိုဆိူသည့်ကောင်က မဆီမဆိုင်ရွှေယောက်ဖလောင်းကို အာဏာပါဝါတွေလာပြနေသည်မို့ seanက

"ဟေ့ကောင် မင်းကိုယ်သွားစရာရှိတာသွား...ဘာမှ ရိပေါ်ကို အော်စရာမလိုဘူး....."

အပြင်သွားမဲ့ပုံရသည့် ရှောင်းကျန့်က leather jacketအနက်ကို လက်ထဲကိုင်ထားရာမှ ပုခုံးပေါ်ပြောင်းတင်လိုက်ရင်း

"ငါ့ဘာသာ ဘာပြောပြော မင်းအပူပါသလား....ဟိုတယောက် ပြန်မှာမလား....လာခဲ့....ငါလိုက်ပို့မယ်...."

Seanကို ပေစောင်းစောင်းကြည့်ကာ  ပြောလိုက်ပြီး ရိပေါ်လက်လေးကို ဆွဲစောင့်ခေါ်သွားတော့

"မလိုဘူး....ရိပေါ်ကို ငါလိုက်ပို့မယ်ပြောပြီးသား.....မင်းလမ်းမင်းသွား....လာ ရိပေါ်.....ကျနော်နဲ့လိုက်ခဲ့....."

အားကြမခံ Seanကပါ ရိပေါ်လက်တဖက်ကို ထပ်ဆွဲယူပြီး ဝင်ရောက်တားဆီးလိုက်တော့ ရှောင်းကျန့်က ဒေါသတကြီးလှည့်လာကာ

"အဲ့ဒါ ငါ့$ကြောင်း‌လေ မင်းနဲ့ဘာဆိုင်လို့လဲ.....မျက်နှာကလဲ ပြောင်ပါ့ဗျာ....ဝမ်ရိဖေးမှ မရရင် သေတော့မလိုရုပ်နဲ့ စကတ်စဆွဲလိုက်နေတဲ့ ကောင်က အခုဝမ်ရိပေါ်ဘက် လှည့်လာပြန်ပြီလား....."

ရှောင်းကျန့်စကားကြောင့် Seanက တရှုးရှုးတရှဲရှဲနဲ့ ဒေါသတွေဖြစ်ပြီး ရှောင်းကျန့်ရှေ့တိုးသွားရင်း အကြည့်ချင်းပြိုင်ကာ

"မင်းနဲ့ရော ဘာဆိုင်သလဲ....ငါ့ဘာသာဘယ်သူ့နောက်ပဲ လိုက်လိုက် မင်း$လုပ်ဘာရှိသလဲ.....ဟမ်....မင်းနဲ့ရိပေါ်က ဘာပတ်သတ်နေလို့ ဝင်ပါနေရတာလဲ...."

ဘာလဲ။ဒီလူနှစ်ယောက်က ဘာဖြစ်ချင်နေကြတာလဲ....ဆွဲထားတဲ့လက်ကိုလဲမလွတ်ဘဲ စကားနိုင်လုနေကြသည့် ရှောင်းညီအကိုတို့ကြားမှာ ရိပေါ်လေးခမျာ ဟိူဘက်ကြည့်လိုက် ဒီဘက်ကြည့်လိုက်ဖြစ်နေရသည်။

ရင်ခုန်သံများရဲ့ အမိန့်( ရင်ခုန်သံများရဲ့ အမိန့်)Where stories live. Discover now