Chapter 7

2.4K 241 51
                                    

"ဘာ...ဘာလဲ...."

လူကိုစားမတက်ဝါးမတက်ကြည့်ကာ အရှေ့ကို တဖြေးဖြေးတိုးလာသည့် လူကြောင့် ရိပေါ်မှာ နောက်ကိုတဆုတ်ဆုတ်သွားရင်း ဘေစင်နဲ့ ခါးစောင်းထိမိတော့ ထပ်ဆုတ်၍မရတော့ပေ။

"ဘာသဘောလဲ...."

လက်နှစ်ဖက်ကို နောက်ပစ်ရင်း လူကိုကိုင်းငုံ့ကာ မျက်နှာလှလှလေးကို စီးမိုးငုံ့ကြည့်ပြီး ရှောင်းကျန့်မေးခွန်းထုတ်မိသည်။

"ဘာကိုလဲ....."

မျက်လူံးအဝိုင်းသားနဲ့ မော့ကြည့်ရင်း ပြန်လည်မေးခွန်းထုတ်နေသော ဝမ်ပေါက်စအား တကိုယ်လုံး အစုန်အဆန်ကြည့်မိတော့ ရှောင်းကျန့်ကြည့်သလို သူ့ကိုယ်သူငုံ့ကြည့်နေပြန်သေးသည်။

"ဝမ်မျိုးရိုးက ဘာဖြစ်ချင်နေတာလဲ.....ကိုယ်တို့အသိမှတ်ပြုတာ လိုချင်လို့လား....မင်းနည်းလမ်းက သူများတကာနဲ့မတူပေမဲ့ အင်း...အန္တရာယ်ရှိတယ်.....အခုဆို ဟောက်ရွှမ်းနဲ့ယွီပင်းက မကြည်ကြတော့ဘူး....ဆိုတော့ ကိုယ့်ကိုယ်ကို အထိခိုက်ခံပြီး ကိုယ်တို့အာရုံစိုက်လာအောင်မလူပ်နဲ့ ဟုတ်ပြီလား...."

"ဘာ !....ငါကမင်းတို့နဲ့ ဘာလို့ပတ်သတ်ချင်ရမှာတုန်း...."

တီကောင်ကို ဆားနဲ့တို့လိုက်သလို မျက်နှာလေးက မဲ့သွားရကာ ရိပေါ်ရဲ့ ခပ်စူးစူးအသံလေးကြောင့် ရှောင်းကျန့်က မထိတရီမဲ့ပြုံးနဲ့ ရိပေါ်ကို သေချာစူးစိုက်ကြည့်ပြီး

"အဲ့ဒါတော့ မင်းကိုမင်းသိမှာပေါ့.....ဖြစ်နိုင်တာကတော့ တခုဘဲ.... ဝမ်မျိုးရိုးက ကိုယ့်ကို ကြိုက်နေတာလား......"

ရှက်စိတ်က ဘယ်ကထွက်သွားမှန်းမသိပေမဲ့ နောက်ဆူံးမျက်နှာပေါ်ကို ခြေကန်ထွက်လာတာတော့သေချာသည်။ဒေါသဖြစ်တာရော ရှက်တာရောစုပေါင်းကုန်ကြကာ ခပ်ရဲရဲမျက်နှာလေးနဲ့ ရိပေါ်က

"ရူးနေလား....ဘဝင်ရူးနေမှန်းသိပေမဲ့ ဒီလောက်ထိ အကန့်လွတ်နေမယ်လို့ မထင်ထားခဲ့ဘူး....ဆေးလဲတိုးမဲ့ပုံ မပေါ်ပါဘူး.....သူဘဲ ကြိုက်ရဦးမယ်တဲ့....သောက်ချောကြီး ငါက ရယ်လိုက်ရင် ပိုတောင်ချောသွားဦးမယ်....."

သူ့ကို ပြန်ရန်တွေ့နေသည့် ဝမ်ပေါက်စရဲ့ ထော်ထော်ရဲရဲ နှုတ်ခမ်းလေးအား လက်မနဲ့ဖိပွတ်လိုက်မိတော့ ထင်ထားသည့်အတိုင်း နူးညံ့အိစက်နေလိုက်တာများ ဂျယ်လီတူံးအိအိလေးလိုဘဲ။

ရင်ခုန်သံများရဲ့ အမိန့်( ရင်ခုန်သံများရဲ့ အမိန့်)Where stories live. Discover now