Chapter 9

2.3K 241 41
                                    

အမားအလုပ်သွားပြီး ခနနေတော့ အမဖြစ်သူ ရိဖေးကပါ စာသင်သွားဖို့ ပြင်ဆင်နေသည်။စနေ၊တနင်္ဂ‌နွေကျောင်းပိတ်ရက်တွေဆို ရပ်ကွက်ထဲက ကလေးတွေကိုစာပြရင်း အပိုဝင်ငွေရှာသည့် အမကြောင့် ရိပေါ်ကတော့ အိမ်အလုပ်လုပ်တွေ လုပ်ရင်းသာ ကျန်ခဲ့သည်။

ရိဖေးစာသင်ပြီးပြန်လာလျင် အရံသင့်စားရုံချက်ပြုတ်ထားပြီး ရိပေါ်က ကော်ဖီဆိုင်မှာ အချိန်ပိုင်းအလုပ်ဝင်တော့ ရိဖေးက အိမ်စောင့်ပေါ့။သူတို့မိသားစုလေးက တက်ညီလက်ညီနဲ့ အလုပ်ကြိုးစားကြတာများ ဆောင်းတွင်းအတွက် အစာကြိုတင်စုဆောင်းကြသည့် ပုရွတ်ဆိတ်လေးများပမာ။အိမ်‌‌ထောင်ဦးစီးဖြစ်သည့်အမားက အရှေ့ကနေ ငွေကြေးကို ခြွေတာစီစစ်ပြီးသုံးစွဲသည့်သူမို့ ရိပေါ်တို့မောင်နှမမှာလဲ အသုံးနဲ့အဖြုန်းကို ခွဲခြားတက်ကြသည်။

သီချင်းလေး တအေးအေးနဲ့ မီးဖိုချောင်ဝင်နေသည့် ဝမ်ရိပေါ်လေးကတော့

*ဒီတလ လစာထုတ်ရင် အမားအတွက် အ‌နွေးထည်လေးနဲ့ မမအတွက် ဝမ်းဆက်လေးတစုံနှစ်စုံလောက် ဝယ်ပေးရမယ်.....*

အပျိုရွယ်ကျောင်းသူလေးပီပီ သူများတကာတွေလို မမလဲ ဝတ်ချင်စားချင်ရှာမှာ‌။သူတို့ ကျောင်းကပွဲကလဲ ရှိသေးတယ်ပြောထားတာမို့ အဲ့နေ့ကျ လှလှပပလေး ဖြစ်နေစေချင်ပါသည်။ကိုယ့်အတွေးနဲ့ကိုယ် ရိပေါ်လေးမှာတော့ ကြည်နူးမဆုံးဖြစ်နေရှာသလို တဖက်က ရိဖေးမှာလဲ ရိပေါ်နည်းတူ မိခင်နဲ့မောင်ငယ်လေးကို လစာထုတ်ရင် အဝတ်စားဝယ်ပေးဖို့ ကြံရွယ်ထားပေသည်။

         ✨✨✨✨✨✨✨

"နေမကောင်းတာများ ဖေးရန်ရယ်...တရက်တလေ နားလိုက်တာတော့မဟုတ်ဘူး....."

ချောင်းတဟွတ်ဟွတ်ဖြစ်နေသည့် ဝမ်ဖေးရန်အား ရှောင်းမေက ဂရုဏာနဲ့ဆိုတော့

"ရပါတယ် မမကြီးရဲ့....အနားယူရအောင်ထိ မဟုတ်ပါဘူး....ကျွန်မအဆင်ပြေပါတယ်...."

ပါးစပ်ကလဲပြော လက်နဲ့အလုပ်နဲ့လဲမပြတ်သည့် ဖေးရန်ကြောင့် ဒေါ်ရှောင်းမေမှာ သက်ပြင်းတချချနဲ့ဖြစ်နေရသည်။

"အဲ့ဒါတွေ အသာထားခဲ့စမ်းပါ.....ကျန်တဲ့လူတွေ ရှိနေတာဘဲ သူတို့လုပ်လိမ့်မယ်....ကြည့်စမ်း ဘာမှမဖြစ်ဘူးသာဆိုတယ် ကိုယ်တွေပူနေတာပဲ ဖေးရန်ရဲ့....."

ရင်ခုန်သံများရဲ့ အမိန့်( ရင်ခုန်သံများရဲ့ အမိန့်)Waar verhalen tot leven komen. Ontdek het nu