Chapter 21

2.3K 221 21
                                    

သူငယ်ချင်းဘဝကနေ အချစ်ရဆုံးသူအဖြစ်ကူးပြောင်းချင်တဲ့အခါ စောင့်စည်းရမဲ့
စည်းကမ်းက ပိုမို တင်းကျပ်သလို Seanခံစားရသည်။

ကိုယ်ကသူ့ကို ချစ်စိတ်ဝင်မိပေမဲ့ တားဆီးထားတာက သူငယ်ချင်းဘဝ။ဒီနေ့တော့ ဒီအခက်အခဲကို ကျော်လွှားနိုင်ဖို့ရာ Seanသတ္တိမွေးထားပါသည်။

သူတို့ဆေးကျောင်းအနောက်က ချယ်ရီရိပ်မှာ ထိုင်နေရင်း မလေးအလာကိုစောင့်ကာ ရင်ထဲမှာတော့ စာတွေစီ၊ ကဗျာတွေသီလို့ပေါ့လေ။တကိုယ်ထဲ ပြောကြည့်မိတော့ အဆင်ချောနေပေမဲ့ ချစ်ရသူမလေးကို မျှော်ရင်း ဒိန်းတလိမ်းနတ်က Seanရင်ထဲမှာ ပတ်ချာလည် ခုန်ပေါက်မြူးတူးနေသလား မသိ။

 ဘယ်တုန်းကမှ ဆုတောင်းဆုပန်မလုပ်ခဲ့ဖူး‌ ပေမဲ့ အခုတော့ မလေးနဲ့ အဆင်ပြေရလို၏ဆိုသည့် ဆုတောင်းစကားကို အခါခါရေရွတ်နေမိတာ ဘုရားသခင် နားညည်းရှာရော့မယ်။

   🎶သူငယ်ချင်းလေး ချစ်တယ် ဘယ်လိုပြောရမလဲ ကိုယ်
ဒီလို သိပ်သိပ် ချစ်နေတယ် 🎶

ထူးအိမ်သင် သီချင်းထဲက စာသားလေးပဲ နားထဲတဖန်ဖန်ကြားယောင်မိပြန်တော့ အပြုံးရေးရေးကို မျက်နှာထပ် ထင်ဟပ်စေမိသေးသည်။ချစ်တယ်လို့ပဲ တန်းပြီး ပြောလိုက်ရင် ကောင်းမလား။မ‌လေးကရော သူ့အချစ်ကို လက်ခံပါ့မလား...ထိုသိူ့တွေးမိပြန်တော့ မွန်းကျပ်လိုက်တာ....ပြန်ချစ်နိုင်ပဲဟု ကိုယ့်ကိုယ်ကို အားပေးစကားဆိူမိပေမဲ့ သူတို့ အချစ်ခရီးလမ်းက ဝေဝေဝါးဝါးနိုင်လွန်းသည်။

"အကိုSean....."

ဟော...  ရောက်လာပြီ။ ကြည့်လိုက်တော့ သူ့ကာလာ‌ ရောင်စုံတွေ ကင်းစင်တဲ့မျက်နှာလေးက ကြည်ကြည်စင်စင်နဲ့ နုငယ်လှပကာ လှလို့ ယဉ်လို့။

"မလေး...."

အခုချိန်မှာ မလေးကို ချစ်စကားဆိုဖို့ထက် ခေါ်တဲ့အသံပင် မတုန်ယင်အောင် ထိန်းသိမ်းနေရတဲ့ Seanက တခြားမိန်းမလှလေးများကိူ အပြုံးတချက်နဲ့ ခေါင်းခါခဲ့တာ သူမဟုတ်တဲ့အတိုင်းပါလား။

အရိပ်ကောင်းတဲ့ ချယ်ရီပင်ကြီးအောက်မှာ ထိုင်ကြရင်း နှစ်ဦးလုံးက ငါးမိနစ်လောက် စကားမပြောပဲ ငြိမ်နေမိကြသည်။

ရင်ခုန်သံများရဲ့ အမိန့်( ရင်ခုန်သံများရဲ့ အမိန့်)Dove le storie prendono vita. Scoprilo ora