Chapter 37

2.3K 183 70
                                    

"အဟင့် မောင်ရယ်....သဲငယ်ကို အဲ့လောက်ချစ်တာလား....."

သူ့အတွက်ကြောင့်နဲ့ အိမ်ပေါ်ကဆင်းလာသည်ဟု ကြားသိရသောအခါ ရိပေါ်မှာ ဟန်မဆောင်နိုင်ဘဲ ရှောင်းကျန့်ရင်ခွင်ထဲတိုးဝင်လို့ တအီအီငိူနေမိသည်။

"မောင်ပြောပါတယ်‌ဗျာ....သဲငယ်က မောင့်ဘဝအတွက်အရေးအကြီးဆူံးပါလို့....ဘယ်လိုအရာနဲ့ပဲ ယှဉ်ယှဉ် မောင့်ရဲ့ ရွေးချယ်မှုက ဟောဒီသဲငယ်လေးပဲ...."

နှာခေါင်းလေးတွေ ပါးမို့လေးတွေ ရဲဆွေးနေအောင် တအီအီငိူနေသည့် အသက်ညှာလေးအား တဖွဖွအနမ်းပေးရင်း ယုံကြည်မှုအပြည့်နဲ့ ရှောင်းကျန့်ပြောလိုက်သည်။

"ယုံပါတယ်...မောင့်ကို သဲငယ်ယူံပါတယ်....သဲငယ်လဲ မောင့်ကို အရမ်းချစ်တာပဲ မောင်ရယ်...."

အိမ်ပေါ်က ဆင်းလာရပေမဲ့ မြတ်နိူးရသူထံမှ ချစ်စကားအတွင်တွင်ကြားနေရသည်မို့ အိမ်ပေါ်ကဆင်းလာရတာ တန်ပါသည်။အိမ်ပေါ်ကနှင်ချခံရလိူ့ ဟိူတယ်မှာသွားနှပ်နေတယ်ဘလာဘလာပြောချင်လဲပြောကြပါစေ။အဓိကက ချစ်သဲညှာလေးက သူ့ကိူ အရင်ကထပ်သဲသဲလှုပ်ပိုချစ်သွားပြီလေ။ရပြီ အဲ့လောက်ဆို ရှောင်းကျန့်စွန့်စားမှုက အောင်မြင်သွားပြီ။

တဖက်က Seanကလဲ မျက်နှာငယ်လေးနဲ့ကြည့်ကာချစ်ရသူ မလေးကိူ နတ်‌သံနှောပြီး ပလီပလာတွေပြောရင်း အပီချုပ်နေသည်။

"အကိုကတော့ မလေးနဲ့ ထပ်မခွဲချင်တော့ဘူး....အကို မလေးကိူ လက်ထပ်ချင်နေပြီ...."

Seanအပြောကြောင့် ရိဖေးဝေခွဲရခက်နေသည်။သူတောင် ကိုယ့်အတွက်နဲ့ စည်းစိမ်အားလုံးစွန့်လွတ်သေးတာ ကိုယ်က ဘာအတွက်ကြောင့် တွေဝေနေရမှာလဲ။

"မလေးလဲ အကို့လိုပါပဲ....ဒါပေမဲ့လေ...."

"တော်ပြီကွာ....ဒါပေမဲ့တွေ ဟိုပေမဲ့တွေ မကြားချင်ဘူး.....မလေး အကို့ကို လက်ထပ်မယ်မလား....အကိူဒါပဲသိချင်တာ....."

ရိဖေးပုခုံးကို ဆုပ်ကိုင်ထားရင်း မျက်လုံးချင်းဆုံအောင်ကြည့်ပြီး သူလိုချင်ရာကိုသာ ဇွတ်တရွတ်တောင်းဆိုလိုက်တော့မှ

"အင်းပါ....အကို့သဘောပါပဲ....မလေး အကိုနဲ့ လက်ထပ်ပါ့မယ်....."

ရှက်ပြုံးလေးနဲ့ ခေါင်းလေးငုံ့ကာ ရိဖေးဆိုမိသည်။ချစ်နေမှတော့ ပိုင်ဆိုင်ချင်သည်မို့ ဆက်မူ‌မနေတော့ဘဲ လက်ခံလိုက်တော့သည်။

ရင်ခုန်သံများရဲ့ အမိန့်( ရင်ခုန်သံများရဲ့ အမိန့်)Where stories live. Discover now