Chapter 17

2.2K 217 92
                                    

ပြူတင်းပေါက်ကို မျက်နှာမူလျက် အခန်းထဲကို ကျောပေးကာ ‌ခါးထောက်ရပ်နေသည့် ရှောင်းကျန့်ကြောင့် ဗန်းလေးကိုင်ပြီးဝင်လာသည့် ရိပေါ်က

"မနက်စာ သုံးဆောင်လို့ရပါပြီ သခင်လေး...."

စားပွဲခုံပေါ် အသာအယာချပေးရင်း ရိပေါ်ပြောလ်ုက်ပေမဲ့ တဖက်က ဘာမှတုံ့ပြန်ခြင်းမရှိသလို လှည့်လဲမကြည့်တာမို့ ရိပေါ်ခန‌ရပ်စောင့်နေလိုက်သည်။ဘာများ အမိန့်တော်မှတ်ဦးမလဲဟု စောင့်နေပေမဲ့ အတော်ကြာသည်အထိ တုပ်တုပ်မျှမလှုပ်တာကြောင့်

"သခင်လေး ခိုင်းစရာမရှိရင် ခွင့်ပြုပါဦး...."

"ရပ်နေ....အပြင်ကို တလှမ်းမှမရွေ့နဲ့...."

ရပ်နေတုန်းကတော့ မပြောပါဘဲနဲ့ သွားမယ်ဆိုမှ နောက်လှည့်မကြည့်ဘဲ စကားသံထွက်လာသည့် ရှောင်းကျန့်အား ရိပေါ်မျက်စောင်းထိုးလိုက်မိသည်။

Slik robeကြီးတလွားလွားနဲ့ ခုတင်ပေါ်ကို သွားထိုင်သည့် ရှောင်းကျန့်က အရုပ်လေးလို တောင့်‌တောင့်လေးရပ်နေဆဲဖြစ်တဲ့ ရိပေါ်ကို ကြည့်ကာ

"ဘာလို့မပြောတာလဲ...."

"ဗျာ...ဘာကိုလဲ...."

ပြူးတိပြူးကြောင်ကြည့်ကာ တပြန်စီးမေးခွန်းထုတ်နေသည့် ဝမ်ပေါက်စကြောင့်

"ဒီကိုလာမယ်ဆိုတာ ဘာလို့မပြောတာလဲ...."

*ငါ့စိတ်နဲ့ငါ လာချင်လာမှာပေါ့...နေရာတကာလိုက်ပြီး သံတော်ဦးတင်နေရအောင် မင်းက ငါ့အဖေမို့လား....*

အပြင်မှာထုတ်မပြောရဲပေမဲ့ စိတ်ထဲကနေတော့ ရိပေါ်အားပါးတရပြောချလိုက်သည်။ရှောင်းကျန့်က သူမေးတာမဖြေဘဲ ငြိမ်ပြီးရပ်နေသည့် ဝမ်ပေါက်စကို

"နားမပါဘူးလား....ဒီမှာ မေးနေတာလေ...."

"ဟို ဒီလိုပါ....ဒီနေ့မနက်မှ မမက ကျောင်းမှာ အရေးကြီးလို့ သွားစရာပေါ်လာလို့  ကျနော်လဲ ကမန်းကတန်းလာခဲ့ရတာဆိုတော့ အသိမပေးဖြစ်တာပါ...."

လစ်ဟနေတဲ့ အင်္ကျီကြောင့် တောင့်တင်းတဲ့ ရင်အုပ်ညိုညိုကြီးနှင့် ခြေသလူံးက အမွှေးအမျှင်တချို့အပြင် ကားကားကြီးထိုင်နေခြင်းကြောင့် ပေါင်သားတချို့ပါ မြင်နေရသည့် ဘဝင်ရူးက ဒီတသက်အဝတ်စားလဲမဲ့ပုံမမြင်သေးတာကြောင့် ကြည့်နေရတဲ့ ရိပေါ်မှာ နားရွက်ဖျားတွေ ‌ရဲဆွေးလာရပြီး ရှက်ရွံ့စွာ အကြည့်လွဲလိုက်ရသည်။ဪ ယိုသူမရှက် မြင်သူရှက်ဆိုတာ ဒါမျိုးပြောတာထင်ပါရဲ့လေ။

ရင်ခုန်သံများရဲ့ အမိန့်( ရင်ခုန်သံများရဲ့ အမိန့်)Where stories live. Discover now