Chapter 23

2.2K 220 47
                                    

ညစာထမင်းဝိုင်းတွင် မျက်နှာမသာမယာနဲ့ထိုင်နေကြတဲ့ သားတော်နှစ်ပါးကြောင့် ရှောင်းသခင်ကြီးနဲ့ သခင်မကြီးတို့ တယောက်ကိုတယောက်မျက်စပစ်ပြမိကြသည်။

လိုတရရွှေဘုံစံမင်းသားနှစ်ပါးက ဘာတွေများ ရွှေစိတ်တော်ညိုကာ အလိုမကျဖြစ်နေရသနည်းဟုလဲ အသံတိတ်အကဲခတ်ကာအဖြေရှာနေကြသည်။

"ကျနော်စားလို့ပြီးပါပြီ...."

သူမတို့အကဲခတ်နေတုန်းမှာပင် ရှောင်းကျန့် မတ်တပ်ထရပ်သည်မို့

"ဟဲ့ သား....အစားနည်းလှချေလား....သားကြိုက်တဲ့ဟင်းတွေပါပါတယ်သားရဲ့...."

"ဟုတ်တယ် မာမီ....ရင်ပြည့်နေလို့ သိပ်မစားချင်တာ...."

မိခင်ဖြစ်သူကို အထိုက်အလျောက်ပြန်ဖြေလိုက်ရပေမဲ့ တကယ်လဲ ဒေါသတွေနဲ့ ရင်ပြည့်နေတာပါပဲလေ။

"Sean....ပြီးရင် လသာဆောင်ကို လာခဲ့...."

"အင်း....သွားနှင့်....ငါလိုက်ခဲ့မယ်...."

ထမင်းစားနေရင်းမှ မျက်လွာပင့်ကြည့်ကာ လာခဲ့မယ်ပြောသည့် Seanကို ရှောင်းကျန့်ခေါင်းငြိမ့်ပြရင်း အပေါ်ကိုတက်လာခဲ့လိုက်သည်။ကျန်နေခဲ့ Seanကလဲ စား‌သောက်ခြင်းကိုလက်စသတ်ကာ အနောက်ကလိုက်သွားသည်မို့ ရှောင်းလင်မယားအံ့ဩသင့်နေခဲ့ရ၏။

မနက်ဖြန် အနောက်ရပ်က နေထွက်မှာတော့ မဟုတ်ဘူးမလား....ဘယ်တုန်းကမှ စကားဆယ်ခွန်းပြည့်အောင်မပြောသည့် သားနှစ်ယောက်က အခုလိုလေပေးဖြောင့်နေတော့ ဝမ်းသာစိတ်တဝက် စိုးရိမ်စိတ်တဝက်...။

"ထူးထူးဆန်းဆန်း မင်းသားနှစ်ယောက်က သင့်မြတ်နေကြပါလားကွ....ဒီနှစ်ကောင် တခုခုတော့ တခုခုပဲ....ဘာတွေကြံစည်နေကြပြန်ပြီလဲမသိဘူး...."

ခင်ပွန်းဖြစ်သူရဲ့ စကားကို ဒေါ်ရှောင်းမေခေါင်းငြိမ့်ထောက်ခံရင်း

"အကိုပြောတဲ့ တခုခုက ကောင်းတဲ့အရာဖြစ်ပါစေလို့ ကျွန်မကတော့ ကြိုဆုတောင်းနေပြီ အကိုရေ...."

တကယ်လဲပဲ ရှောင်းလင်မယားမှာ မျက်ခုံးကခပ်လှုပ်လှုပ်။ခြင်္သေ့နှစ်ကောင်တဂူထဲမအောင်းဘူးဆိုတဲ့ စကားပုံလို သူတလူငါတမင်းနဲ့ သီးသန့်နေကြတဲ့ နှစ်ယောက်က အခုလိုတပေါင်းတစည်းထဲဖြစ်နေကြတဲ့အပေါ် သူမတို့ ရင်လေးမိတာကတော့ အမှန်ပင်။

ရင်ခုန်သံများရဲ့ အမိန့်( ရင်ခုန်သံများရဲ့ အမိန့်)Onde histórias criam vida. Descubra agora