Chapter 4

2.6K 274 72
                                    

မိုးအုံ့တဲ့ သာမန်ညနေခင်းလေးတခုမှာ လူသွားလူလာသိပ်မရှုပ်တဲ့ လမ်းလေးထက်မှာ hoodieပန်းရောင်လေးနဲ့ ကျောပိူးအိတ်လေးလွယ်ထားတဲ့ ‌ဆံပင်ဝါဝါအုပ်အုပ်နဲ့လူငယ်လေးတယောက်ရဲ့ အိမ်ပြန်ခြေလှမ်းတွေက မိုးရနံ့သင်းသည့် လေပြေတွေနဲ့အတူ ပေါ့ပါးသွက်လက်စွာ။

အစိုးရဝန်ထမ်းများနဲ့ သာမန်လူတန်းစားတွေဘဲ အနေများတဲ့ ရပ်ကွက်လေးက တိုက်ကြီးတာကြီးတွေ ကားသံတဝီဝီတွေ ကင်းဝေးလိူ့ တိတ်ဆိတ်ငြိမ်သက်လွန်းပေသည်။အိမ်တိုင်း အိမ်တိုင်းမှာလဲ သစ်ပင်ကြီးငယ်တို့နဲ့ပြည့်နေသည်မို့ ရိပေါ်တို့ရပ်ကွက်လေးက အေးချမ်းလှသည်။

"ဟင်....."

ရပ်ကွက်ထဲဝင်တဲ့ လမ်းရဲ့တဖက်တချက်ဆီမှာရှိတဲ့  ခရေပင်တန်းများအောက်တွင် နောက်ဆုံးပေါ်အမိုးဖွင့်ပြိုင်ကားနှစ်စီးက ရှေ့ဆင့်နောက်ဆင့်ထိုးရပ်ထားသလို လူလေးယောက်ကလဲ ကားအဖူံးပေါ်ထိုင်သည့်လူကထိုင်၊မတ်တပ်ရပ်သူက ရပ်နဲ့ လမ်းလျှောက်လာတဲ့ ရိပေါ်ဆီကို အကြည့်တွေက စုံပြု‌ကျရောက်လာသည်မို့ ရိပေါ်လန့်သွားရသည်။

စူးစူးရဲရဲမျက်လူံးများကြောင့်ရော လမ်းမထက် ကိုယ်တယောက်ထဲဆိုသည့် အသိရောပါပေါင်းပြီး ရိပေါ်ကိုယ်လေးကိူ တက်နိုင်သမျှ ကြုံ့ထားရင်း ကျောပိုးအိတ်ကြိုးကိူ ခပ်တင်းတင်းဆုပ်ကိုင်ကာ ထိုသူတို့အရှေ့မှာ သွက်သွက်ဖြတ်လျှောက်သွားမိသည်။အနှီလူတွေကို ရိပေါ်သိပါသည်။ဟိူတခါ ကော်ရစ်တာဒေါင့်ချိုးမှာ ဝင်တိုက်မိတုန်းက ဘဝင်ရူးတွေ။

"ဟေ့....ခနနေဦး....."

သူတို့စီးလာတဲ့ကားနဲ့ သူတို့ဝတ်စားပုံတွေကြည့်ရတာ ရိပေါ်ဆီက လုယက်ဖို့တော့ ဟုတ်ဟန်မတူပေမဲ့ မျက်ခုံးထူထူ၊အသားဖြူဖြူ လူပုံချောချောလူက ရိပေါ်ရှေ့က ပိတ်ရပ်လိုက်ပြီး လူမိုက်ဆန်ဆန်ကြည့်လာတော့

"ကျနော့်ကို ပြောတာလား....."

တုန်ယင်နေသည့် စိတ်‌ကို ဟန်မပျက်ထိန်းထားရင်း မေးမိသည်။စပို့ရှပ်အပြာရောင်လက်တိုနဲ့ထိုလူက မျက်မှောင်ကြီးကျုံ့ကာကြည့်ရင်း

ရင်ခုန်သံများရဲ့ အမိန့်( ရင်ခုန်သံများရဲ့ အမိန့်)Where stories live. Discover now