Chapter 34

2.1K 181 72
                                    

"ဟူးးး....."

ဒါနဲ့ဆို ရိပေါ်သက်ပြင်းချနေတာ ဆယ်ခါထပ်မနည်းတော့ပါ။လက်ထဲက ကိုင်ထားတဲ့ ဝတ်စုံကိူကြည့်လိုက်၊ပြန်ချထားလိုက်နဲ့ သက်ပြင်းရှိုက်လို့ သံသရာလည်နေသည်က သူစိတ်တွေ ဝေခွဲမရဖြစ်နေလို့ပင်။

"ကဲပါ ဝမ်လေးရယ်.....နင့်ကြည့်ရတာလဲ စိတ်မသက်မသာဖြစ်လိုက်တာဟယ်....."

ပြင်ဆင်နေရာမှ ရိဖေးက ထလာပြီး ရိပေါ်ပုခုံးလေးကိူ ဖက်ထားလိုက်သည်။ပြီးနောက် ဆံပင်ဝါဝါလေးတွေကို ပွတ်သပ်ပေးရင်း

"အရမ်းထိန်းချုပ်ဖိနှိပ်ထားရရင် မထင်မှတ်နိုင်လောက်အောင် ကန်ထွက်လာတက်တယ်မောင်လေး....တခါတလေ ဦးနှောက်နဲ့ အဆုံးအဖြတ်ထက် နှလုံးသားရဲ့ ဆန္ဒကို နားထောင်ကြည့်ပါလား....."

"ဇာတ်လမ်းအဆုံးကို နင်‌တွေးကြည့်စမ်း.....ဘယ်လိုညီမျှခြင်းနဲ့ပဲ ညှိညှိ၊ဘယ်လိုကိန်းဂဏန်းနဲ့ပဲ အစားထိုးထိုး ရလာမဲ့ အဖြေကို ငါသိသလို နင်လဲသိနေတာပဲမလား....ဝေးကြရမှာချင်းအတူတူ မနီးကြတာက သူ့အတွကိရော ငါ့အတွက်ရော ပိုအဆင်ပြေပါတယ်...."

သူမပုခုံးပေါ်ခေါင်းတင်လို့ ခပ်ဆွေးဆွေးလေးပြောနေရှာသည့် မောင်ငယ်လေးကြောင့် ရိဖေးရင်ထဲ တင်းကျပ်သွားရသည်။

"ငါမသိလို့ပြောတာ မဟုတ်ဘူး....ဖြစ်မလာသေးတဲ့အရာကြီးအတွက် တချိန်လုံးနောင်တ‌တွေ နာကြင်မှုတွေနဲ့ နေနေရမှာမို့ ငါပြောတာပါ.....ချစ်ပြီဆိုမှတော့ ဘယ်သူနေနေပိုင်ဆိုင်ချင်ကြတာပဲလေ....နင်ပြောသလို ငါတို့ဝေးခဲ့ရရင်တောင်မှ လက်ဗလာဖြစ်ရမှာထပ် ကိုယ်ချစ်တဲ့လူနဲ့အတူ ရှိခဲ့ဖူးတဲ့ အမှတ်တရတွေကို တသက်လုံးသိမ်းထားလို့ရသေးတယ်...."

ရိဖေးအပြောကြောင့် ရိပေါ်ငိုင်သွားမိသည်။နဂိုတွေဝေနေဆဲ အတွေးတွေက တခုခုကိုသေချာဆူံးဖြတ်သွားရသည်။

"မသွားဘူးလား....အချိန်နီးနေပြီလေ...."

တိုင်ကပ်နာရီကို လှမ်းကြည့်ရင်း လောဆော်သော ရိဖေးက အဖြူရောင်ကိူမှ ရိုးတံရှည်အနီအပွင့်လေးတွေပါသည့် ဂျပန်ရိုးရာဝတ်စူံလေးဝတ်ထားသည်မို့ တကယ့် ဂျပန်မလေးသဖွယ် ချစ်စရာကောင်းလှသည်။

ရင်ခုန်သံများရဲ့ အမိန့်( ရင်ခုန်သံများရဲ့ အမိန့်)Where stories live. Discover now