Chapter 25

2.2K 225 84
                                    

"အို ဟိုး.....အလှလေးပါလား...."

Lockerထဲမှာ ထည့်ထားသော စာအုပ်များကို ထုတ်ယူနေစဉ် နောက်ပါးဆီမှ ထွက်လာသော အသံကြောင့် ရိပေါ်လှည့်လိုက်မိသည်။ရှောင်းကျန့်တို့နည်းတူ အဖွဲ့လိုက်မိုက်ကြေးခွဲတက်သည့် သူတို့မေဂျာက ဝမ်ချောင်တို့ အုပ်စုဖြစ်နေခြင်းကြောင့် ရိပေါ်လန့်သွားပေမဲ့ ဘာမှမဖြစ်သလို ဟန်ဆောင်ကာ ကိုယ်ယူစရာရှိတာကို မြန်မြန်ထုတ်လိုက်သည်။

"ဘယ်ကအလှလေးလဲလို့ ကြည့်နေတာ....ရှောင်းသခင်လေးရဲ့ အသုံးတော်ခံ အလှလေးဖြစိနေတာဘဲ....."

ဝမ်ချောင်ရဲ့စကားကြောင့် ရိပေါ်ဒေါသဖြစ်သွားပေမဲ့ သူတို့လိုလူမိုက်လူရမ်းကားများနဲ့တုဖက်ပြိုင်မပြောချင်သလို ရန်လဲမဖြစ်ချင်တာကြောင့် ရှောင်ကွင်းသွားဖို့သာ စိတ်ကူးရှိသည်။သို့ပေမဲ့ ဝမ်ချောင်က ရိပေါ်လက်ကို ဖမ်းဆွဲထားသည်မို့

"လွတ်စမ်း....ငါ မင်းနဲ့ရန်မဖြစ်ချင်ဘူး ဝမ်ချောင်.....ငါ့လက်ကိုလွတ်လိုက်....."

"နေပါဦး အလှလေးရဲ့....ဘာလဲ ရှောင်းကျန့်မဟုတ်လို့ အထိမခံနိုင်ဖြစ်နေတာလား.....မင်းကောင်ထပ်သာအောင် ပြုစုပေးနိုင်ပါကွ....."

ပြီတီတီမျက်နှာဘေးနဲ့ စော်စော်ကားကားအပြောကြောင့် သူ့နောက်လိုက်များက တဟားဟားအော်ရယ်ကြ‌သည်။ရိပေါ်ရှက်စိတ်နဲ့အတူ ဒေါသများကြောင့် တကိုယ်လုံးတုန်ယင်လာရကာ

"မိုက်ရိုင်းလို့....."

ဝမ်ချောင်ကို အားကုန်လွဲရိုက်ဖို့ လက်တဖက်ကိုမြှောက်လိုက်ပေမဲ့ ဝမ်ချောင်က ရ်ပေါ်လက်ကို ဖမ်းဆုပ်ကိုင်ထားပြီး

"အသားအနာမခံချင်စမ်းနဲ့ အလှလေး......ကြည်ကြည်သာသာလက်ခံစမ်းပါ.....မင်းကောင်ထပ်မသာရင် ကြိုက်သလိုပြော....."

ရိပေါ်မျက်နှာနား ကမူးကရူးတိုးနဲ့ တိုးကပ်လာပြီး ရိပေါ်ခန္ဓာကိုယ်လေးကို နံရံနဲ့ ဖိကပ်ကာ နမ်းရှိုက်ဖိူ့လုပ်နေသည်မို့

"လွတ်....ငါ့ကိုလွတ်စမ်း.....မထိနဲ့...."

"ရှောင်းကျန့်...."

အားကုန်သုံးကာ အတင်းရုန်းကန်တွန်းထိုးမိသည်။ရှက်တာရော ကြောက်တာပါပေါင်းပြီး အကူညီရလိုရညား အော်ဟစ်နေပေမဲ့ ဝမ်ချောင်က တဟားဟားအော်ရယ်ရင်း

ရင်ခုန်သံများရဲ့ အမိန့်( ရင်ခုန်သံများရဲ့ အမိန့်)Tempat cerita menjadi hidup. Temukan sekarang