အပိုင်း(၁) Unicode

3.6K 233 3
                                    

"ခွမ်း..."

"ဒုန်း..."

"ရှင်ကဘာဖြစ်ချင်နေတာလဲ..."

"ဒီမိန်းမကတော့..."

"ဖြန်း..."

အော်ဟစ်သံ၊ ဆူညံသံ၊ ပစ္စည်းတွေကျကွဲသံ၊ တစ်ယောက် နဲ့တစ်ယောက် ရန်လိုရိုက်ပုတ်သံ။

အသံသွင်းထားတဲ့ ဓာတ်ပြားတစ်ခုကို နေ့တိုင်းပြန်ပြန်ဖွင့်ထားသလိုဖြစ်နေတဲ့ ဒီအသံတွေ။

၁၄ နှစ်အရွယ် ရှောင်းကျန့်ဟာ သူကြည့်နေတဲ့ ဟာသကားကို အသံတစ်ဆုံးထိတင်လိုက်သည်။ရင်ခွင်ထဲကပေါက်ပေါက်ဆုပ်ပန်းကန်ထဲလက်နှိုက်လိုက်ကာ ပေါက်ပေါက်ဆုပ်တွေကိုပါးစပ်ထဲထိုးသွင်းလိုက်​၏။

"ဝုန်း...! "

ခမ်းနားကျယ်ဝန်းလှတဲ့ လှေကားတွေကနေတဆင့် တစ်စုံတစ်ယောက် ဒလိမ့်ကောက်ကွေးကျလာပုံပါပဲ။

"မမလေး...မမလေး..."

"ဘယ်လိုတွေ ဖြစ်ကုန်ကြပြီလဲ...သခင်မကြီးကို သွားခေါ်ကြ...မမလေး ခေါင်းမှာ သွေးတွေနဲ့..."

"ဆေးရုံကား အမြန်ခေါ်...မြန်မြန်ခေါ်ကြ..."

သူ့နောက်ကျောဘက်မှာ ကမ္ဘာတွေပျက်နေကြလည်းရှောင်းကျန့်မသိ။သူသိတာက အရှေ့က ဟာသကားရဲ့ရယ်မောဖွယ်ပုံရိပ်တွေနဲ့ သူ့လျှာဖျားပေါ်က ပေါက်ပေါက်ဆုပ်ရဲ့ချိုမြိန်တဲ့အရသာ။

"ဟား...ဟား...ဟား..."

ချဉ်စူးစူးရယ်သံတစ်ခုဟာ အနောက်ဘက်က ငိုယိုသံတွေကို ဖုံးလွှမ်းသွားတဲ့အထိ ကျယ်လောင်လွန်းလှသည်။ ရှောင်းကျန့် သူကြည့်နေတဲ့ ဇာတ်ဝင်ခန်းကို အနောက်ပြန်ရစ်ပြီး နောက်တစ်ခေါက်ထပ်ကြည့်​၏။ နောက်တစ်ခေါက်ထပ်ကြည့်လည်း အရမ်းရယ်ရသည့်အခါ နောက်ထပ်နောက်ထပ်အခေါက်ခေါက်အခါခါ ထပ်ကြည့်သည်။

​စံအိမ်ကြီးရဲ့ဝန်းအတွင်း၌ ဆေးရုံကားတွေ ၊ ရဲကားတွေ ဆူညံလို့သွား​၏။ ဆေးဝန်ထမ်းတွေ၊ ရဲတွေ အသီးသီးအိမ်တော်ထဲရောက်လာလျှင်ပဲ အလုပ်သမားတွေ​၏ အသံတွေဟာ တီးတိုးဆူညံလို့သွားသည်။

"ရှူး..."

ဆူညံသံတွေကြောင့် ရှောင်းကျန့် သူ့နှုတ်ခမ်းပေါ်သို့ လက်ညိုးတင်လိုက်ပြီး အနောက်ကလူတွေကို မာန်လိုက်၍ အရှေ့ကိုပြန်လှည့်လိုက်ကာ ရုပ်ရှင်ဆက်ကြည့်နေသည်။လောလောဆယ် သူ့အတွက် အရှေ့ကဟာသကားလောက်ဘာမှစိတ်ဝင်စားဖို့မကောင်း။

Healing A Broken SoulWhere stories live. Discover now