အပိုင်း(၁၅) Unicode

1.5K 184 6
                                    

မနက် ၈ နာရီ။

"ဟယ်လို တို့ကောင်လေး ကျောင်းသွားပြီလား..."

မနက် ၉ နာရီ။

"ဟယ်လို တို့ကောင်လေး စာသင်ခန်းထဲမှာလား..."

မနက် ၁၀ နာရီ။

"ဟယ်လို တို့ကောင်လေး အတန်းနားနေတာလား..."
.
.
.
.
.
နေ့လယ် ၁ နာရီ။

"ဟယ်လို တို့ကောင်လေး နေ့လယ်စာ စားပြီးပြီလား...ငါ့ကိုသတိရနေတာလား..."

အစည်းအဝေးအခန်းထဲမှထွက်လာသည့် ရှောင်းကျန့်က ဝမ်ရိပေါ်ကို ဖုန်းခေါ်ဆိုပြီးသည့်အခါ နေ့လယ်စာစားဖို့ပြင်​၏။ ရမ်က အစားအသောက်များပြင်ပေးနေရင်း ရှောင်းကျန့်​၏ မျက်နှာရိပ်ကိုကြည့်လိုက်ကာ...

"အစ်ကိုလေး...ကျွန်တော်တစ်ခုလောက်ပြောလို့ရလားခင်ဗျ..."

"ဘာလဲ..."

ရမ် အသက်ဝဝရှူလိုက်ပြီး...

"ရိပေါ်ကို အချိန်တိုင်းဖုန်းတွေမဆက်ပါနဲ့လား...တစ်နာရီခြားတစ်ခါဆက်နေတော့ ရိပေါ်စိတ်ရှုပ်နေရင်ဘယ်လိုလုပ်မလဲ..."

"ငါ့ကိုစိတ်ရှုပ်စရာလို့ပြောနေတာလား..."

"မဟုတ်ပါဘူး ခင်ဗျ...ရိပေါ်က ကျောင်းမှာဆိုတော့ အစ်ကိုလေးဖုန်းဆက်တဲ့အချိန်တွေက စာသင်ချိန်တွေဆိုရင် အခက်တွေ့မှာစိုးလို့ပါ..."

"ဟုတ်လား...အဲ့တာဆိုငါက ဖုန်းမဆက်ရတော့ဘူးလား..."

"အဲ့လိုမဆိုလိုပါဘူး...ဥပမာ မနက်ခင်းကျောင်းမသွားခင်တစ်ခါလောက်ဆက်၊ နေ့လယ်စာစားချိန်အားနေတဲ့အခါလေးတွေ တစ်ခါလောက်ဆက် အဲ့လိုမျိုးလေးတွေဆိုလိုတာပါခင်ဗျ..."

​ရမ်​၏ အကြံပေးချက်ကို ရှောင်းကျန့် နားလည်သလိုလို၊ နားမလည်သလိုလိုဖြင့် နားထင်စပ်လေးကိုလက်ညိုးနဲ့ကုတ်လိုက်ပြီး...

"ဒါနဲ့ မနေ့က ပြောထားတဲ့ဟာ စီစဉ်ပြီးပြီလား..."

"ဟုတ်ကဲ့ စီစဉ်ပြီးပါပြီ ခဏလေးစောင့်ပါ ကျွန်တော်သွားယူပေးပါ့မယ်..."

ရုံးခန်းအပြင်သို့ထွက်သွားသည့် ရမ်က ခဏအကြာမှာပြန်ဝင်လာပြီး ရှောင်းကျန့်​၏ လက်ထဲသို့ဘူးလေးတစ်ခုထည့်ပေးလိုက်​၏။ ရှောင်းကျန့်က ထိုဘူးလေးကို ဖွင့်ကြည့်လိုက်ပြီး အထဲက အနီရောင်ချည်ကြိုးလေးများဖြင့် ကျစ်ထားသည့် လက်ပတ်လေးနှစ်ခုကိုကြည့်ကာပြုံးလိုက်သည်။

Healing A Broken SoulWhere stories live. Discover now