အပိုင်း(၁၇) Unicode

1.6K 189 1
                                    

သစ္စာတရားဆိုတာ ဖန်တီးလုပ်ယူလို့မရသလို၊ အတင်းအကြပ်ရယူ လို့လည်းမရ။ သို့ပေမယ့်လည်းမေတ္တာတရားနောက်မှာ သစ္စာတရားက အလိုလိုလိုက်ပါလာတတ်ပြီးသား။

ဝမ်ရိပေါ် ကျောင်းဝန်းအဝင်ဝသို့ရောက်ခါနီး ခြေလှမ်းများကိုရပ်တန့်လိုက်ကာ အနောက်သို့ဖျတ်ကနဲလှည့်ကြည့်လိုက်သည်။ သူ့နောက်ကိုတစ်ယောက်ယောက်လိုက်နေတယ်ဆိုတဲ့ခံစားချက်က သုံးလေးရက်မကတော့။ လှည့်ကြည့်လိုက်တော့လည်းဘာမှရှိမနေ။ စိတ်ထဲမှာတော့ စနိုးစနောင့်နဲ့။

စာသင်ချိန်တွေ ခဏနားပြီးသည့်အခါ ကန်တင်းတွင်နေ့လယ်စာစားနေသည့် ဝမ်ရိပေါ်က ရှောင်းကျန့်ဘက်မှဝင်လာသောဖုန်းကိုဖြေသည်။

"တို့ကောင်လေး နေ့လယ်စာစားနေတာလား..."

"အင်း ဟုတ်တယ်...ရှောင်းကျန့်ရော စားပြီးပြီလား..."

"ငါလည်း အခုစားတော့မလို့...တို့ကောင်လေး ဘာနဲ့စားလဲဟင်..."

"ကျွန်တော်ခေါက်ဆွဲစားပြီး အအေးသောက်နေတာ..."

"တစ်ယောက်တည်းလား...ဘေးမှာသူငယ်ချင်းတွေရောပါလား..."

"မပါဘူး ကျွန်တော်တစ်ယောက်တည်း..."

"ဟုတ်လို့လား...ငါ ဖုန်းထဲမှာကောင်မလေးတွေ ရယ်နေတဲ့အသံကြားရတယ်..."

ဝမ်ရိပေါ် သူ့ပတ်ဝန်းကျင်ကိုဝေ့ဝိုက်ကြည့်လိုက်ပြီး...

"ဪ အဲ့တာဘေးဝိုင်းက..."

"အဲ့တာဆို ကောင်မလေးတွေနဲ့ နီးနီးလေးမှာရှိနေတာပေါ့..."

"သူတို့ကတခြားဝိုင်းသပ်သပ်မှာပါ..."

"နေရာပြောင်းထိုင်..."

"ဟင်..."

"နေရာပြောင်းထိုင်လိုက်လို့..."

"ဘာဖြစ်လို့လဲ..."

"ဘေးဝိုင်းက ကောင်မလေးတွေက တို့ကောင်လေးအကြောင်းကြိတ်ပြောနေတာဆိုဘယ်လိုလုပ်မလဲ..."

"မဟုတ်ပါဘူး..."

"ပြောင်းထိုင်ဆို ပြောင်းထိုင်နော်..."

"ကျွန်တော်စားလို့ပြီးတော့မယ်လေ..."

"တို့ကောင်လေး...! "

Healing A Broken SoulWhere stories live. Discover now