ဝမ်ရိပေါ် သူ့လက်စွဲတော် စာအုပ်လေးကို ဖွင့်ကြည့်ပြီးနောက် စာအုပ်စင်ပေါ်သို့ပြန်တင်လိုက်သည်။ အခုတော့ ဒီကလေးထိန်းနည်းစာအုပ်လေးကို အသုံးပြုစရာမလိုတော့။ ရှောင်းကျန့်က ၃ နှစ်ကနေ ၆ နှစ်အရွယ်မဟုတ်တော့ဘဲ ချစ်သူရည်းစားတွေစထားတတ်နေပြီဖြစ်တဲ့ ဆယ်ကျော်သက်အရွယ်ဘက်ကိုရောက်လို့လာခဲ့ပြီ။
ဆယ်ကျော်သက်ဆိုတာ အိမ်ကိုပုန်ကန်နိုင်ဆုံးအရွယ်(တစ်နည်းအားဖြင့်) ရင်ကိုစုံကန်နိုင်ဆုံးအရွယ်။ အတောင်စုံပြီလားဆိုတော့လည်းမဟုတ်သေး။ကလေးလည်းမဟုတ်၊ လူကြီးလည်းမဟုတ်သေးတဲ့အရွယ်မှာ လူကြီးတွေရဲ့စကားကိုလည်းနားမထောင်တော့ဘဲ ကလန်ကဆန်တွေလုပ်လာမယ်။
စိတ်အတက်အကျတွေကလည်း မမှန်သေးတဲ့အပြင်သူတို့ပဲသိတယ်၊ သူတို့ပဲတတ်တယ်ဆိုတာ ပြချင်တဲ့အရွယ်လေးတွေပဲဖြစ်တယ်။အထူးသဖြင့်ပထမဦးဆုံးအချစ်အပေါ် အရူးအမူးဖြစ်တတ်တဲ့အရွယ်။တစ်မျိုးပြောရရင် အချစ်ကိုကမ္ဘာကြီးလို့သတ်မှတ်ထားကြတဲ့အရွယ်ပေါ့။ဒီလိုရှောင်းကျန့်မှာဖြစ်ပေါ်နေတဲ့ ဆယ်ကျော်သက်တွေရဲ့ စိတ်အနေအထားကို ဝမ်ရိပေါ်ကလည်း အပြည့်အဝလက်ခံနားလည်တယ်။
"တူ...တူ...တူ..."
အိမ်စာလုပ်နေရင်းဝင်လာသည့်ဖုန်းကို ဝမ်ရိပေါ်ဖြေလိုက်သည်။
"ဟယ်လို ပါး..."
"အေး ရိပေါ် စားပြီးပြီလား..."
"စားပြီးပြီ ပါး...ပါးတို့ရော..."
"ပါးတို့လည်း အခုပဲပြီးသွားလို့ လှမ်းဆက်လိုက်တာ...အစားကောင်းကောင်းစားရဲ့လား..."
"စားတယ် ဘာမှမပူနဲ့နော်..."
"အင်းပါ...အစားကို အချိန်မှန်စား...စာကိုပဲ ခေါင်းထဲအရမ်းမထည့်ထားနဲ့ စားရမယ့်အချိန်စား သွားရမယ့် အချိန်သွား ပျော်ရမယ့်အချိန်ပျော် ဟုတ်ပြီလား..."
"ဟုတ်ကဲ့ပါး...ဒါနဲ့လေ..."
"အင်းပြော..."
"ရှောင်းကျန့်ရဲ့ ကင်းမွန်လေးတွေရော ကျန်းကျန်းမာမာရှိရဲ့လား..."
"ကျန်းမာသလားတော့ မမေးနဲ့...တစ်ရက်တစ်ရက် ဝဖြိုးလာတာ နောက်တစ်ခါလာလည်ရင် သူ့သခင်တောင် သူတိို့ကို မှတ်မိတော့မှာ မဟုတ်ဘူး...ဟား...ဟား...ဟား..."
YOU ARE READING
Healing A Broken Soul
Fanfictionဒီကမ္ဘာပေါ်မှာလေ ဖြစ်တည်မှုတိုင်းကချစ်စရာကောင်းတယ်ဗျ။ Cover Photo Crd: