Final (Zawgyi)

441 29 3
                                    

သူ့အဖို့တော့ အရှေ့ကမြင်ကွင်းဟာ သိပ်တော့အဆင်မပြေ။ ရှောင်းကျန့်ကသူသဝန်တိုအောင်တမင်တကာလုပ်ပြနေမှန်းသိပေမယ့် အမှန်တိုင်းဝန်ခံရရင်တော့ ရင်ထဲနေလို့မကောင်း။ဘယ်လောက်ပဲအိမ်နီးချင်းငယ်သူငယ်ချင်းဖြစ်နေလည်း ရှောင်းကျန့်နဲ့ပတ်သက်တာကြောင့် နည်းနည်းလေးမနာလိုဖြစ်မိပါသည်။

"ရော့...ရာရာလေး ထည့်စားနော်..."

ရှောင်းကျန့်က ရာရာ့ကို သူတို့အိမ်မှာနေ့လယ်စာဖိတ်ကျွေးသည်။ဘေးအိမ်ဘက်ကို လှမ်းအော်ခေါ်လိုက်တာတောင်မဟုတ်၊ လူကိုယ်တိုင်သွားဖိတ်လာတာ။ရောက်လာတော့"ရာရာလေး" "ရာရာလေး"နဲ့နှုတ်ကကိုမချတော့။ သူ့ကိုတောင် "ရိပေါ်လေး" လို့တစ်ခါလောက်ခေါ်ဖူးလို့လား။

ထမင်းဝိုင်းရောက်တော့လည်း ရာရာ့ပန်းကန်ထဲဟင်းတွေကိုတောင်တွေလိုပုံအောင်ထည့်ပေးသည်။ တစ်ဝိုင်းတည်းစားနေသည့်သူ့ကိုတောင်အဖက်မလုပ်။သူတို့အဆင်ပြေသွားပြီဖြစ်တာတောင် သူအော်ထားမိသည့်ကိစ္စကို ရှောင်းကျန့်က မှတ်တေးထားသေးသည်။ဒါ့ကြောင့် သူ သဝန်မတို တိုအောင်လုပ်ပြနေသည်။

ထမင်းစားပြီးတော့ တီဗီရှေ့တွင် ပြောင်းဖူးပြုတ်တစ်ပန်းကန်ဖြင့်ထိုင်နေကြ​၏။

"ရာရာလေး ရော့...အခွံခွာပေးထားတယ်..."

သူ့ကို ပြောင်းဖူးရိုးပဲကမ်းပေးလိုက်သည့် ရှောင်းကျန့်က ရာရာ့ကိုတော့ ပြောင်းဖူးစေ့လေးတွေတောင်အခွံခွာပေးသည်။ ရာရာ့ကိုကြည့်လိုက်တော့လည်းပျော်နေပုံမရ။ တော်တော်ကိုစိတ်မသက်မသာဖြစ်နေသည့်ပုံ။

"ရှောင်းကျန့် ကျွန်တော့်ဘက်လာတော့..."

ဆိုဖာတစ်ခုတည်းမှာထိုင်နေပေမယ့် ရာရာ့ကိုမျက်နှာမူပြီးထိုင်နေသည့် ရှောင်းကျန့်ကိုဝမ်ရိပေါ် သူ့ဘေးသို့ဆွဲခေါ်လိုက်​၏။

"လွှတ်စမ်းပါ...ငါရုပ်ရှင်ကြည့်နေတယ်..."

"သိတယ်လေ ကျွန်တော့်ရင်ခွင်ထဲကနေထိုင်ကြည့်..."

"တို့ကောင်လေးရဲ့ ရင်ခွင်ထဲနေရအောင် တို့ကောင်လေးက သားပိုက်ကောင် လား..."

Healing A Broken SoulWhere stories live. Discover now