အပိုင်း(၁၂) Unicode

1.6K 212 8
                                    

ဒီနေ့မနက်မှာ ကိုယ့်မျက်လုံးကိုယ်မယုံနိုင်တဲ့သူက ဒါနဲ့ဆိုနှစ်ယောက်မြောက်။

ဝမ်ပါး၊ ဝမ်မား​၏ အလယ်မှာ ဟင်းချိုင့်အကြီးကြီးကိုကိုင်ဆွဲပြီး ဘုန်းတော်ကြီးကျောင်းအတွင်းဝင်လာသည့် ဝမ်ရိပေါ်က သူ့မျက်လုံးများကို လက်တစ်ဖက်ဖြင့်ပွတ်သပ်ပြီး အရှေ့ကမြင်ကွင်းကို ကြည့်နေသည်။

အဘွားဟွမ်နဲ့ လက်ဖက်ရည်အတူထိုင်သောက်နေတာက ရှောင်းကျန့်မလား။ သူ့အနေနဲ့တစ်ပတ်လောက်မတွေ့ရတဲ့အခါ လွမ်းလွန်းလို့မြင်ယောင်နေတာလား။ ဝမ်ရိပေါ်မယုံနိုင်သည့်အခါ အဘွားဟွမ်နဲ့ထိုင်နေသည့် ရှောင်းကျန့်ရှေ့ မတ်တပ်သွားရပ်လိုက်ပြီး...

"တောကြိုအုံကြားထဲ ဘာလာလုပ်တာလဲ ရှောင်းကျန့်..."

"ငါ့အဘွားကို လာလည်တာလေ..."

မျက်ခုံးတွေကို တွန့်ချိုးပြီး ခပ်ဆတ်ဆတ်လေသံနဲ့ပြန်ထူးလိုက်မှပဲ ရှောင်းကျန့်အစစ်အမှန်ဆိုတာဝမ်ရိပေါ်လက်ခံနိုင်သွား​၏။ထို့အပြင်တထစ်ချယုံကြည်လိုက်တာက။ရှောင်းကျန့်က အဘွားဟွမ်ကိုလာလည်တာမဟုတ်ဘူး။ သူ့ကိုလာလည်တာ။အလုပ်တွေကို ရမ်နဲ့ပစ်ထားပြီး သူ့ကိုလာလည်တာနေမှာ။

"ဒါအဒေါ့်မြေးလေးလား...အချောလေးပါလားကွယ်..."

ရှောင်းကျန့်ကို အခုမှမြင်ဖူးသည့် ဝမ်မားက သားလှရတနာတစ်ယောက်ကိုကြည့်နေသလို ကြည့်မဝအောင်ဖြစ်ရသည်။ ရှောင်းကျန့်နံဘေးတွင်ကပ်ထိုင်လိုက်ပြီး လက်လေးတစ်ဖက်ကို နူးညံ့စွာဆုပ်ကိုင်ပွတ်သပ်ပေးလိုက်ရင်းသူတို့ယူလာသည့် အချိုပွဲတွေထဲကမုန့်လေးတစ်ခုကိုကိုင်ကာ...

"သား ရော့...စားလိုက်ပါဦး..."

စိမ်းသက်နေသော အခေါ်အဝေါ်တစ်ခုကြောင့် ရှောင်းကျန့်နားမလည်စွာ သူ့အဘွားမျက်နှာကိုကြည့်လိုက်သည်။

"ဘာဖြစ်လို့လဲ မြေးလေး..."

"ဟိုကောင်လေး အမေက ဘာလို့သားလို့ခေါ်တာလဲ..."

"မြေးလေးကို ချစ်လို့ပေါ့..."

"ဘာလို့ချစ်တာလဲ..."

"မြေးလေးက ချစ်စရာကောင်းလို့ပေါ့..."

ဟွမ်မေရင်ရှင်းပြတော့ ရှောင်းကျန့် ကျေနပ်စွာမဆိုသလောက်လေးပြုံးလိုက်ပြီး ဝမ်မားကမ်းပေးသည့်မုန့်ကိုယူစားသည်။

Healing A Broken SoulWhere stories live. Discover now