အပိုင်း (၁၄) Unicode

1.6K 212 17
                                    

"နေလို့သက်သာရဲ့လားအစ်ကိုလေး..."

"အင်း..."

"ဒါဆို နှစ်ချုပ်စာရင်းတွေကို တစ်ချက်လောက်ကြည့်ပေးပါ..."

အိမ်တန်ရာရောက် အိပ်ရာဘေးထိအစီအရင်လာခံသည့် ရမ်ကိုရှောင်းကျန့်တစ်ချက်စောင်းငဲ့ကြည့်ကာ လက်ထဲက လက်သည်းတံစဉ်းကိုချလိုက်သည်။စာရင်းစာရွက်တွေကို ရှောင်းကျန့်မြင်လိုက်တော့သူကိုယ့်သူဂုဏ်ယူလို့နေ​၏။

နှစ်ချုပ်စာရင်းမှာပါဝင်တဲ့အကျိုးအမြတ်တွေကိုကြည့်ခြင်းအားဖြင့် သူ့အဘွားလက်ထက်မှာထက်စာရင် ၅ ရာခိုင်နှုန်းလောက်တိုးတက်လာတာဖြစ်သည်။ဆိုလိုသည့်သဘောက သူအရမ်းတော်တယ်ဆိုတာပဲ။ လုပ်ငန်းကို ဦးစီးတာသိပ်မကြာသေးပေမယ့် အရင်ကဦးစီးခဲ့တဲ့လူတွေထက် သာအောင်လုပ်နိုင်တယ်ဆိုတာသူတော်လို့ပဲ။ ဘာပဲပြောပြောသူဟာသိပ်တော်တယ်။

"ပြီးတော့ Management Team က အဆိုတင်သွင်းလာတဲ့ ဟာလေးတွေတစ်ချက်ကြည့်ပေးပါဦးခင်ဗျ..."

"ဘာတွေလဲ..."

"ဒါက ကျွန်တော်တို့ လုပ်ငန်းစုရဲ့ နှစ်စဉ်လုပ်နေကျ ထူးချွန်ဝန်ထမ်းတွေကို ချီးမြှောက်တဲ့အစီအစဉ်ပါ...သခင်မကြီးလက်ထက်တုန်းကတော့ ငွေသားချီးမြှင့်တယ်...ဒါပေမယ့် ဒီနှစ်မှာကတော့ ငွေသားဆိုတာထက် တခြားဟာလေးတွေပါ ပေးဖို့ အကြံပြုလာကြပါတယ်ခင်ဗျ...အဲ့တာကြောင့် အစ်ကိုလေး သင့်တော်မယ်ထင်တာကို ရွေးပေးပါ..."

"ရှုပ်ရှုပ်ယှက်ယှက်တွေ...ခါတိုင်းလိုပဲ ဆုကြေးငွေပဲယူပေါ့...ငွေယူပြီး ကြိုက်တဲ့ဟာဝယ်ကြလေ..."

"အဲ့တာကတော့ ဟုတ်ပါတယ်...ဒါပေမယ့်လည်း..."

"ပေး ပေး...ကြည့်ပေးရင် ပြီးရောမလား..."

ရှောင်းကျန့်စိတ်မရှည်စွာ ရမ်​၏ လက်ထဲက tablet ကို ဆွဲလုပြီး အကြံပေးထားသည့်အရာတွေကို ကြည့်လိုက်သည်။နံပါတ် ၁ က ဆုကြေးငွေနဲ့ ကိုက်ညီတဲ့ဈေးဝယ်ကဒ်တဲ့​။ အဲ့တာ ဆုကြေးငွေတိုက်ရိုက်ယူတာနဲ့ဘာထူးလဲ။

တစ်ခုခုပြီးတစ်ခု စိတ်တိုင်းမကျဖြစ်နေရင်း နောက်ဆုံးသော အကြံပြုချက်ကို ရှောင်းကျန့်စိုက်ကြည့်လို့နေပြီးမှ ရမ်ကိုပြောလိုက်သည်။

Healing A Broken SoulWhere stories live. Discover now