"ပေး...ပိုက်ဆံ..."
"မနေ့ကပေးထားတာ မကျန်တော့ဘူးလား မြေး..."
"မကျန်တော့ဘူး..."
"ဘဏ်ကဒ်နဲ့သုံးလေ..."
"အဲ့ဆိုင်က ဘဏ်ကဒ်နဲ့လက်မခံပါဘူးဆို..."
"ငွေထုတ်စက်တစ်ခုခုမှာထုတ်လိုက်ပေါ့..."
"အတန်ကြီးတွေလည်း လက်မခံဘူး..."
စိတ်မရှည်ဖြစ်လာသည့် ရှောင်းကျန့်ကြောင့် ဟွမ်မေရင်သူ့ အင်္ကျီအိတ်ကပ်ထဲထည့်ထားသည့် အရွက်သေးငွေစက္ကူလေးများကို ထုတ်ပေးလိုက်သည်။လက်ထဲရောက်လာသည့်အကြွေလေးတွေကိုရှောင်းကျန့်တစ်ရွက်ချင်းရေတွက်ရင်း...
"နောက်တစ်ရွက် ထပ်ပေးလိုက်ဦး..."
"ဘယ်လောက်ဖိုးတောင် ဝယ်မှာမလို့လဲ...ချောင်းတွေဆိုးပြီး ရင်ကြပ်နေဦးမယ်နော်..."
အခုရက်ပိုင်းသူ့မြေးက ရိပေါ်အိမ်နဲ့နီးတဲ့ကုန်စုံဆိုင်အသေးလေးတစ်ခုကိုသွားရတာသဘောကျနေသည်။ ထိုဆိုင်ကတစ်ခါတစ်ခါ ပြန်လာရင် ဂျယ်လီဘူးလေးတွေပါလာတတ်တာ ဆယ်ခုထက်မနည်း။
ဂျယ်လီဘူးမှာ ပါတဲ့ စတစ်ကာလေးတွေစုနေတယ်ဆိုလား။ အခုသုံးဆယ်ပြည့်ရင် သစ်သားလေယာဉ်ပျံအရုပ်လေးရတယ်ဆိုပဲ။အခု လောလောဆယ် သုံးရုပ်ရှိနေတာတောင်မကျေနပ်သေးဘူးထင်ရဲ့။မနေ့တုန်းကဆိုသူပါ ဂျယ်လီတွေ ကူစားပေးရသေး၏။ဘုန်းတော်ကြီး အချိုပွဲထဲ ထည့်လိုထည့်နဲ့။
"ပေးဆို..."
"အင်းပါ..."
ထပ်ပြီး ဖြန့်လာသောရှောင်းကျန့်လက်ပေါ်သို့ ဟွမ်မေရင် ငွေစက္ကူနောက်တစ်ရွက်ထပ်ထည့်ပေးလိုက်သည့်အခါ ရှောင်းကျန့်က ကျေနပ်သွားဟန်ဖြင့် သူ့ပိုက်ဆံအိတ်ထဲ ထည့်လိုက်သည်။ ပြီးလျှင် သူ့နံဘေးတွင်ထောင်ထားသည့် ထီးကိုယူလိုက်၍...
"ထီးဖွင့်ပေးဦး..."
"နေမှအရမ်းမပူတာ မြေးရယ်..."
"ဟင့်အင်း...နေပျောက်သေးသေးလေးတွေမှာလည်း ခရမ်းလွန်ရောင်ခြည်တွေပါတယ်..."
ဘုန်းတော်ကြီးတွေသာ ဆောင်းသည့် အညိုရောင်ထီးကိုဟွမ်မေရင်ကိုယ်တိုင်ကိုယ်ကျဖွင့်ပေးလိုက်သည်။
YOU ARE READING
Healing A Broken Soul
Fanfictionဒီကမ္ဘာပေါ်မှာလေ ဖြစ်တည်မှုတိုင်းကချစ်စရာကောင်းတယ်ဗျ။ Cover Photo Crd: