အပိုင်း(၇) Unicode

1.5K 194 3
                                    

"ဟယ်လို အဘွား..."

"အေး ရိပေါ် မင်းကိုကြီးနဲ့နေရတာအဆင်ပြေရဲ့လား..."

"ပြေပါတယ်ခင်ဗျ..."

ဝမ်ရိပေါ် မုသားသုံးလိုက်ရသည်။အဆင်ပြေလားဆိုရင်တော့ အဆင်မပြေဘူး။

တစ်အိမ်တည်းအတူနေတာ တစ်ပတ်တောင်ရှိပြီ မေးထူးခေါ်ပြောမရှိသည့်အပြင် သူစကားသွားပြောရင်တောင် မကြားချင်ယောင်ဆောင်တာလား၊ တကယ်ပဲမကြားတာလားမသိ လူကိုလုံးဝကိုအဖက်မလုပ်။ ပိုဆိုးတာက လူကိုတွေ့ရင် နှာခေါင်းရှုံ့သွားတာ။တစ်ခါတစ်လေကျရင်သူ့ကိုယ်သူတောင်သံသယဝင်မိတယ်။ သူ့ခန္ဓာကိုယ်က ဘာအနံ့နံနေလို့လဲဆိုပြီး။

ဖုန်းပြောနေရင်း ဝမ်ရိပေါ်ဘက်က အကြာကြီးတိတ်ဆိတ်နေတာကြောင့် ဟွမ်မေရင်က နားလည်စွာဖြင့်...

"အဆင်မပြေဘူးမလား ရိပေါ်..."

ဒီတစ်ခါတော့ ဝမ်ရိပေါ် မုသားမသုံးချင်တော့။

"ဟုတ်..."

"အဘွားမြေးက ရိပေါ်တစ်ယောက်တည်းကိုပဲ အဲ့လိုလုပ်တာမဟုတ်ပါဘူး...လူတိုင်းကို အဲ့လိုပဲဆက်ဆံတတ်တာမလို့ စိတ်မကောင်းတွေဘာတွေမဖြစ်နဲ့နော်..."

"ဟုတ်ကဲ့သိပါတယ် အဘွား..."

"သူက လူတွေရဲ့ခံစားချက်တွေဘာတွေကို သိပ်စိတ်ထဲရှိတာမဟုတ်ဘူး အဲ့တာကြောင့် ကိုယ်ကစိတ်မကောင်းဖြစ်ပြနေလည်း သူမသိဘူး..."

"ဟုတ်..."

"သူသိတာ အလုပ်ရှိရင်လုပ်မယ်၊ ရုပ်ရှင်ကြည့်မယ်၊စားမယ် ဒါတွေပဲ...ဒါတောင်စားတာကို တစ်ခါတစ်လေကျရင် ခေါင်းထဲမှာရှိပုံမရဘူး...ဉာဏ်လေးတော့ကောင်းပေမယ့် လူမှုဆက်ဆံရေးကတော့နည်းနည်းချူချာတယ်..."

ဟွမ်မေရင်ပြောနေသည့် စကားတွေကို ဝမ်ရိပေါ်သေချာနားထောင်နေရင်းနဲ့မှ စနောက်လိုသည့်သဘောဖြင့်...

"အဘွား..."

"ပြောလေ..."

"ခုနက အဘွားပြောခဲ့တဲ့ ဟာတွေကို ရှောင်းကျန့်အရှေ့တည့်တည့်မှာသွားပြောရဲလား..."

"အေး အဘွားလည်း သူ့နောက်ကွယ်မှာမလို့ ပြောနေတာ...အရှေ့မှာတော့ မပြောရဲဘူးကွဲ့...တော်ကြာစိတ်ဆိုးသွားမှဖြင့်..."

Healing A Broken SoulWhere stories live. Discover now