အပိုင်း(၈) Unicode

1.4K 202 15
                                    

အလုပ်မသွားရသည့်နေ့မျိုးမှာ ရှောင်းကျန့်တစ်ယောက်ဘယ်ကိုမှမသွား။ သူငယ်ချင်းအပေါင်းအ သင်းတွေလည်းမရှိသလို၊ လုပ်ငန်းရှင်တွေနဲ့ရင်းနှီးအောင်တွေ့ဆုံပွဲများလည်းမလုပ်။ပိတ်ရက်တွေမှာလုပ်ငန်းနှင့်ဆိုင်သည့်ကိစ္စတွေကို ရမ်နှင့်သာလွှဲအပ်ထားပြီးသူကတော့ အေးရာအေးကြောင်းအနားယူသည်။

အနားယူသည်ဆိုရာတွင် အထူးအဆန်းတော့မဟုတ်။ သူ့အိမ်သူ့ယာအတွင်းမှာရှိသည့် ရေကူးကန်အနီးမှာကမ်းခြေရောက်နေသဖွယ်ပြုမူသည်။

ထို့ကြောင့် စနေနေ့ဖြစ်သော ဒီနေ့မှာ ရှောင်းကျန့် ရေချိုးဝတ်ရုံကို လွှမ်းခြုံ၍ ဝိုင်တစ်ပုလင်းကိုင်ကာ အိမ်ပြင်ထွက်လာသည်။တခြားလက်တစ်ဖက်တွင်လည်း ခြင်းတောင်းတစ်ခုကိုင်ဆွဲလာပြီး ထိုခြင်းတောင်းထဲတွင်လည်း ပစ္စည်းပစ္စယများအစုံပါဝင်သည်။အသီးစုံ၊ မုန့်အစုံ၊နေကာမျက်မှန်၊ sunscreen နှင့် lotion စသည် စသည်ဖြင့်။

"ချစ်ဖို့ကောင်းလိုက်တာနော်..."

"အေးဆို ညိုညိုတုတ်တုတ်ချစ်စရာလေးတွေ..."

ရေကူးကန်ကိုတန်းမသွားဘဲ ခြံဝန်းထဲကွေ့ပတ်သွားနေသည့် ရှောင်းကျန့်ကတစ်နေရာအရောက်မှာခြေလှမ်းများကိုရပ်တန့်လိုက်သည်။ ထိုနေရာတွင် ယုန်လှောင်အိမ်လေးရှိတာဖြစ်၍ အလုပ်သမားတချို့က ယုန်စာကျွေးနေကြပြီး နှုတ်ကနေလည်းချစ်ဖို့ကောင်းသည်ဟု တတွတ်တွတ်ပြောနေကြတာဖြစ်သည်။ ရှောင်းကျန့်ကထိုအလုပ်သမားတွေ​၏ အနောက်မှာသွားရပ်လိုက်ပြီး...

"ငါကရော ချစ်ဖို့ကောင်းလား..."

အနောက်ဘက်မှရုတ်တရက်ကြီးထွက်လာသည့် အသံကြောင့် အလုပ်သမားများလန့်သွားကြကာ ပြာပြာသလဲအရိုအသေပေးပြီး ရှောင်းကျန့်​၏ အမေးကိုအလုအယက်ဖြေသည်။

"အစ်ကိုလေးက ချစ်ဖို့ကောင်းတာပေါ့..."

"ကျွန်မတို့မျက်လုံးထဲမှာ အစ်ကိုလေးက ဟိုးငယ်ငယ်လေးကတည်းက အခုထက်ထိချစ်ဖို့အကောင်းဆုံးပဲ..."

အလျှောက်ကောင်းကြသည့် အလုပ်သမားတွေကြောင့် ရှောင်းကျန့်ကျေနပ်သွားဟန်ရှိသည်။ နှုတ်ခမ်းထောင့်လေးများကွေးချင်သလိိုလ်ိုဖြစ်သွားပြီး လှောင်အိမ်ထဲက ယုန်လေးများကိုကြည့်ကာ...

Healing A Broken SoulWhere stories live. Discover now