အပိုင်း(၁၁) Unicode

1.5K 200 15
                                    

"ပြန်ရအောင်လေ အစ်ကိုလေး..."

"နေဦးမယ်..."

"ရိပေါ်ကအရမ်းနောက်ကျမှာမလို့ မစောင့်နဲ့လို့ပြောတယ်လေ..."

"ဟင့်အင်း ငါတို့ကလက်သန်းချင်းချိတ်ပြီးကတိပေးထားတာ...ကတိဖျက်တဲ့သူက မကောင်းတဲ့လူတဲ့...ငါကမကောင်းတဲ့လူမဟုတ်ဘူး..."

"အစ်ကိုလေးကို မကောင်းတဲ့လူလို့လည်းမသတ်မှတ်ပါဘူး...ရိပေါ်ကိုယ်တိုင်ကမစောင့်ခိုင်းတာလေ..."

"နေပါဦးမယ်ဆို...လေတွေအရမ်းကုန်တယ်နော် ပြန်ချင်ရင် ကိုယ့်ဟာကိုယ်ပြန်..."

"အစ်ကိုလေး..."

ရမ်ဘာမှဆက်မပြောလိုတော့။ ရိပေါ်နေနေတဲ့ အိမ်လေးမှာ ရုပ်ရှင်အတူကြည့်ကြမယ်လို့ပြောထားကြတယ်ထင်သည်။ မနက်တုန်းကလည်း ရိပေါ်က အိမ်သော့ကိုဝင်ပေးခဲ့ပြီး အစ်ကိုလေးကလည်းအလုပ်ပြီးတာနဲ့ အိမ်ကိုပြန်ပြီးရေမိုးချိုးအဝတ်အစားလဲကာ သူ့ကိုဒီအိမ်လိုက်ပို့ခဲ့ခိုင်းတာဖြစ်သည်။

ရိပေါ်က အစ်ကိုလေးရဲ့အိမ်ကနေထွက်သွားပြီးတော့ ဝမ်ပါးစီစဉ်ပေးတဲ့အိမ်မှာနေသည်ဟုကြားပေမယ့် တစ်ခါမှတော့မရောက်ဖူးခဲ့။ အခုမှသာအစ်ကိုလေးကိုအဖော်လိုက်ပေးရင်းပထမဦးဆုံးအကြိမ်ရောက်ခဲ့ဖူးတာပင်။

အိမ်လေးကတစ်ထပ်တိုက်လုံးချင်းလေးဖြစ်ပြီး သိပ်လည်းမကျဉ်းသလို သိပ်လည်းမကျယ်။ရိုးရိုးရှင်းရှင်းလေးပေမယ့် ထူးခြားသည်က အိမ်လေး​၏
ခေါင်မိုးပင်ဖြစ်သည်။ ခေါင်မိုးပုံစံချွန်ချွန်တက်တက်တွေမဟုတ်ဘဲ အင်္ဂတေနဲ့တမံသလင်းလောင်းထားတာကြောင့်တပြေးညီဖြစ်နေတာဖြစ်ပြီး ခေါင်မိုးထပ်မှာပျော်ပွဲစားတောင်လုပ်လို့ရတာဖြစ်သည်။

အခုတောင် ဒီမှာရုပ်ရှင်ကြည့်ဖို့စီစဉ်ထားတာကြောင့် သူလည်းအစ်ကိုလေးနဲ့အတူ ခေါင်မိုးထပ်ရောက်နေသည်။

အစ်ကိုလေးအတွက် သူက ကြမ်းပြင်ပေါ်မှာဖျာတစ်ထပ်၊ အခင်းတစ်ထပ်၊ အမွှေးပွ မွေ့ယာအပါးလေးတစ်ထပ်သေသေချာချာကိုခင်းထားပေးပြီး ၊ ဖန်ပန်းကန်လုံးတွေထဲ ပေါက်ပေါက်ဆုပ်တွေကျကျနနထည့်ထားပေးရသည်။ ဧည့်ခန်းထဲကတီဗီကိုလည်း ခက်ခက်ခဲခဲသွားထုတ်လာကာ ဝိုင်ယာကြိုးတွေအဆင့်ဆင့်သွယ်တန်းပေးထားပြီးသားဖြစ်​၏။

Healing A Broken SoulWhere stories live. Discover now