အပိုင်း(၅) Unicode

1.5K 197 9
                                    

🎵မနက်ခင်းလေးမှာ နိုးလာခဲ့...အရင်ဆုံးမင်းကိုလွမ်းပါတယ်...🎶

ရှောင်းကျန့်အဖို့တော့ ဒီသီချင်းစာသားက လုံးဝကိုမမှန်ကန်။

မနက်ခင်းလေးမှာနိုးလာခဲ့တဲ့ရှောင်းကျန့်ရဲ့အရင်ဆုံးလုပ်ရပ်ဟာ ဝတ်စရာအင်္ကျီရှာတာပါပဲ။ သူကြိုက်လို့ဝယ်ထားတဲ့ ဝတ်စရာတွေဟာရာချီရှိနေလည်း သူ့အလိုက်ိုမဖြည့်နိုင်ပါဘူး။

အခုလည်း ကြက်သွေးရောင် suit တစ်ထည်ကိုလက်ထဲမှာကိုင်ထား လျက်ရှိပြီး သူဖွထားသော ဝတ်စုံပေါင်းများစွာက အိပ်ခန်းကြမ်းပြင်မှာမွထနေပြန်သည်။ အချိန်တန်ရင် လက်ထဲမှာကိုင်ထားသည့်အထည်ကိုပဲဝတ်မှာဖြစ်ပေမယ့် မျက်လုံးတွေကတခြားသော ဝတ်စုံတွေကို လိုက်လို့ကြည့်နေဆဲပင်။

အထည်သုံးဆယ်လောက်ဖွပြီးသွားသည့်အခါမှာတော့ စိတ်ကျေနပ်သွားဟန်ဖြင့်လက်ထဲရှိကြက်သွေးရောင် suit ကိုပဲဝတ်ဆင်လိုက်သည်။ ဆံနွယ်ဝဲဝဲတို့ကိုလည်း သေသပ်စွာလက်ဖြင့်သပ်တင်လိုက်ပြီး မည်သည့်လိမ်းစရာမှကူစရာမလိုအောင်ကြည်တောက်နေသည့်မျက်နှာနုနုကို မှန်ထဲတစ်ချက်ကြည့်၍ နှစ်လိုစွာပြုံးလိုက်သည်။

ဝတ်စရာကတော့ အဆင်ပြေသွားပြီဖြစ်ရာ ကျန်ရှိနေသေးသည်က ကြက်သွေးရောင်ဝတ်စုံနဲ့ လိုက်ဖက်ညီမည့် နက်ခ်တိုင်သို့မဟုတ် လည်စီးတစ်ခုခုပင်ဖြစ်သည်။ နက်ခ်တိုင်တွေပဲထားရှိရာ မှန်ဗီဒိုကြီးဆီသို့ ရှောင်းကျန့်လျှောက်သွားလိုက်ပြီး အပြင်ဘက်ကနေ အကြမ်းဖျင်းဝေ့ဝဲကြည့်လိုက်သည်။ပြီးလျှင်တော့ စိတ်ကြိုက်ဖွထားခဲ့ပြီး ပထမဦးဆုံးရွေးလိုက်သည့် အနက်ရောင်နက်ခ်တိုင်လေးကိုသာ ဝတ်ဆင်လိုက်​၏။

အချိန်ကိုအကြာကြီးယူပြီးမှ ပြင်ဆင်ပြီးသွားသည့်ရှောင်းကျန့်က နာရီလေးကိုလက်ကောက်ဝတ်မှာပတ်ရင်း အိပ်ခန်းပြင်သို့ထွက်လာသည့်အခါ အခန်းပြင်မှာအသင့်စောင့်နေကြသည့် အလုပ်သမားလေးတွေက အိပ်ခန်းထဲသို့ ဝင်သွား​၏။

သူတို့အစ်ကိုလေးဖွခဲ့သမျှသူတို့ရှင်းရဦးမည်မလား။ဘယ်လိုသဘောတရားလဲမသိ။ အစ်ကိုလေးက သူကိုယ်တိုင်ကသာဖွတာ၊ သူ့ပစ္စည်းတွေဆိုရင် ရှင်းလင်းညီညာစီရီနေမှကြိုက်တာ။အဲ့တော့လည်း အစ်ကိုလေးကဒိုင်ခံဖွသည်ဆိုလျှင်သူတို့ကဒိုင်ခံရှင်းရသည်။

Healing A Broken SoulWhere stories live. Discover now