အပိုင်း(၉) Unicode

1.5K 190 2
                                    

စိတ်ပညာသဘောတရားအရ လူတစ်ယောက်ဟာ သူနေ့တိုင်းလိိုလိုမြင်နေကျအရာ​တစ်ခုကို မမြင်ရတော့သည့်အခါ တောင်းတခြင်းဟူသည့်ခံစားချက်ဖြစ်ပေါ်လာတတ်​၏။

ရမ်တစ်ယောက် ရှောင်းကျန့်အတွက်နေ့လယ်စာပြင်ကာ ရုံးခန်းထဲဝင်လာသည့်အခါ အလုပ်စားပွဲပေါ်မေးတင်ထားသည့် ရှောင်းကျန့်ကိုတွေ့သည်။

အခုတလော အစ်ကိုလေးကဘာဖြစ်နေတာလဲ။အထူးသဖြင့်ထမင်းစားချိန်တွေ။ မနက်စာလည်းမစားသလို၊ နေ့လယ်စာစားချိန်မှာလည်း ဇွန်းကိုသာလက်ထဲကိုင်ထားပြီး ပန်းကန်တွေကိုဒီတိုင်းစိုက်ကြည့်နေတတ်သည်။ ပြီးရင်တော့ စိတ်ဆိုးသလိုလို၊ စိတ်ကောက်သလိုလို၊ စိတ်အလိုမကျသလိိုလို ဇွန်းတွေပါလွှတ်ပစ်လိုက်တာဖြစ်သည်။

မနေ့တုန်းက တစ်ခါမှမသွားစဖူးကုမ္ပဏီကန်တင်းကို သွားခဲဲ့ပြီး ဆိုင်တွေအကုန်လုံးကိုလိုက်ကြည့်ခဲ့သည်ဟုပြန်ကြားရသည်။သူလည်း အလုပ်ကိစ္စတစ်ခုနဲ့ ကုမ္ပဏီအပြင်ရောက်နေခဲ့တော့ ဒီကိစ္စကိုမသိခဲ့။ကုမ္ပဏီကဝန်ထမ်းတွေတီးတိုးပြောမှသူကြားခဲ့ရတာဖြစ်သည်။ အစ်ကိုလေးက ကန်တင်းသွားပြီးဘာသွားလုပ်တာလဲ။မေးကြည့်ပြန်ရင်လည်း "ငါ့ဟာငါဘာလုပ်လုပ်ပေါ့" လို့အပြောခံရဦးမည်။

ခုနကလည်း အစည်းအဝေးမှာ လိုက်လည်းနားမထောင်​။ ခါတိုင်းလည်း စိတ်ဝင်တစားမရှိပေမယ့် ဘယ်သူတွေဘာတွေပြောသွားလဲဆိုတာသိသေးသည်။ဒီတစ်ခါတော့တော်တော်ကိုစိတ်လွင့်နေတာ။

"အစ်ကိုလေး နေ့လယ်စာ စားဖို့အချိန်ကျပါပြီခင်ဗျ..."

"....."

"အစ်ကိုလေး..."

ရမ်​၏အသံကိုကြားသည့်အခါ ရှောင်းကျန့်က လေးကန်နေသောအသံများဖြင့် ရုံးခန်းအလယ်က စားပွဲကိုလက်ညိုးထိုးပြလိုက်ပြီး...

"အဲ့မှာတင်ထားလိုက်..."

"အခုစားတော့မလား...ကျွန်တော်ပြင်ထားပေးရမလား..."

ရှောင်းကျန့်ခေါင်းခါပြပြီး နေရာမှထလာကာ ထမင်းဘူးများရှိရာခုံတွင်ဝင်ထိုင်လိုက်သည်။တူတစ်စုံကိုကိုင်ထားတဲ့လက်က လေပေါ်တန်းလန်းနဲ့ မျက်နှာကလည်း မလန်းမဆန်း။

Healing A Broken SoulWhere stories live. Discover now