အပိုင်း (၄) Unicode

1.5K 187 1
                                    

အစည်းအဝေးစားပွဲတွင် လက်သည်းထိပ်လေးများဖြင့်တတောက်တောက်ခေါက်သံလေးများမြည်လို့နေသည်။

တတောက်တောက်မြည်သံက အသံပိုစိပ်၊ပိုကျယ်လာလေ အရှေ့မှာတင်ဆက်နေသူကပို၍စိတ်လှုပ်ရှားလာလေဖြစ်သည်။ စိတ်လှုပ်ရှားလွန်ပြီး အသံတွေထစ်ငေါ့လာသည့်အချိန်တွင်သန်းဝေသည့်အသံက ထွက်ပေါ်လာပြန်​၏။

ရှောင်းကျန့်တစ်ယောက် အရှေ့မှာတင်ဆက်နေသည့်အကြောင်းအရာတွေက သူ့စိတ်အာရုံကိုမဖမ်းစားနိုင်သည့်အခါ ပျင်းရိစွာသန်းဝေလိုက်ပြီး အစည်းအဝေးစားပွဲပေါ်ကို မေးတင်လိုက်သည်။သန်းဝေလိုက်သည့် အရှိန်ကြောင့် မျက်ရည်ဝဲသွားသည့် မျက်ဝန်းများဖြင့်တင်ဆက်သူကိုရီဝေဝေလှမ်းကြည့်လိုက်သည်။

ထိုအခါ တင်ဆက်နေသူက အလိုက်သိစွာပင် တင်ဆက်နေမှုကို ချက်ချင်းရပ်လိုက်ပြီး တောင်းပန်စကားဆိုကာ မျက်နှာပျက်စွာဖြင့် အခန်းပြင်ချက်ချင်းထွက်သွား​၏။ ရှောင်းကျန့်လည်း စားပွဲပေါ်ရောက်နေသည့် သူ့ခေါင်းကို ပြန်ထောင်မတ်လိုက်ပြီး ကျန်ရစ်နေခဲ့သူများကို ဝေ့ဝိုက်ကြည့်လိုက်ကာ...

"အိုင်ဒီယာ အသစ်တွေမထွက်တော့တာလား...တစ်ခါလာလည်း ဒီ အိုင်ဒီယာ၊ နောက်တစ်ခါလာလည်း ဒီအိုင်ဒီယာ အရောင်တွေတောင်မလွဲတာ စဉ်းစားတွေးခေါ်မှုတွေက ဒါပဲရှိတော့တာလား..."

ရှောင်းကျန့် ပြုံးစစဖြင့်သူ့နားထင်လေးကို လက်ညိုးလေးနဲ့ထောက်လိုက်ပြီး...

"ငါ့ ကုမ္ပဏီက လူတွေ ဦးနှောက်များခဲသွားပြီလား...မီးမြိုက်ပြီးအရည်ပြန်ဖျော်ပေးရဦးမလား...နောက်ထပ်တင်ဆက်မယ့် သူတွေရော ရှိကြသေးလား..."

ရှောင်းကျန့်​၏ စကားကို ဘယ်သူမှပြန်မဖြေတာကြောင့် ရှောင်းကျန့်က အဖြေစောင့်နေဟန်ဖြင့် စားပွဲကိုလက်သည်းထိပ်ဖြင့်တတောက်တောက်ခေါက်လို့နေသည်။ အတန်ကြာသည့်တိုင် မည်သည့်အသံတစိုးတစိမျှထွက်မလာတော့သည့်အခါ ရှောင်းကျန့်ကလေးပင်နေသောအသံဖြင့်...

"အင်း...ခုနကတစ်ယောက်လို ပျင်းဖို့ကောင်းတာတွေပဲ ပြင်ဆင်လာခဲ့တာဆိုရင်တော့လည်း တင်မဆက်တာက ပိုကောင်းလိမ့်မယ် ထင်တယ်...သွားရအောင် ရမ်...ငါ့အချိန်တွေကုန်တယ်..."

Healing A Broken SoulWhere stories live. Discover now