အပိုင်း(၃) Unicode

1.7K 184 5
                                    

မြူနှင်းဝေသော မနက်ခင်းလေးဖြစ်​၏။

အသက် ၈၀ အရွယ်ရောက်နေပြီဖြစ်တဲ့ ဟွမ်မေရင်ဟာ ဘုန်းတော်ကြီးကျောင်းတစ်ခု​၏ ဝန်းထဲတွင်အုန်းလက်တံမြတ်စည်းလေးတစ်ခုကိုင်ကာ ကျောင်း ၏ဝေယျာဝစ္စကို တစ်နိုင်တစ်ပိုင်လုပ်လို့နေသည်။

သူနှင့် ခပ်လှမ်းလှမ်းတွင်သူ့လို တရားဘာဝနာအားထုတ်ချင်သည့် ရည်ရွယ်ချက်ဖြင့် ဒီဘုရားကျောင်းမှာ လာရောက်နေထိုင်ကြသူများကလည်း
စင်္ကြန် လျှောက်ခြင်း၊ ပုတီးစိပ်ခြင်းများပြုလုပ်နေကြသည်။

မနက်ခင်းရဲ့ တေးသံသာလေးတွေဖြစ်တဲ့ ငှက်လေးတွေရဲ့ အစာရှာထွက်သံနှင့် ဘုန်းတော်ကြီးတွေရဲ့ တရားရွတ်ဆိုသံတွေက မြူမှုန်တွေနှင့် ရောယှက်လို့နေပြန်သည်။

ဒီလိုအေးချမ်းလှသော လော့ရန်မြို့​၏ဘုရားကျောင်းတစ်ခုတွင် ဟွမ်မေရင်ရောက်ရှိနေထိုင်နေခြင်းမှာသုံးလခန့်ပင်ရှိပြီဖြစ်သည်။ ရှုပ်ထွေးလွန်းလှသည့်ဘေကျင်းလိုမြို့ပြအဆောင်အယောင်တွေကြားမှ လွတ်မြောက်ခဲ့ရသည်မလို့ စိတ်နှလုံးအလွန်ပင်ချမ်းမြေ့လှသည်။

မငယ်တော့သည့် အသက်အရွယ်ဖြစ်၍ကိုယ့်အတွက်ပဲကိုယ်ရှင်သန်ဖို့သင့်ပြီထင်မိတာကြောင့် မြေးဖြစ်သူကိုပါချန်ရစ်ထားခဲ့ရတော့သည်။ချန်ရစ်ထားခဲ့သော်လည်း ပစ်ပယ်ထားခြင်းတော့မဟုတ်။နေ့တိုင်းလိိုလိုဖုန်းပြောဖြစ်ကြသလို ဒီကိုလာလည်ဖို့ကိုလည်းအမြဲတစေဖိတ်ခေါ်ပါသေးသည်။

သို့သော်လည်း ဘေကျင်းတို့၊ ရှန်ဟိုင်းတို့ကိုသာနေစရာ နေရာလို့သတ်မှတ်ထားသည့် မြေးဖြစ်သူက လော့ရန်ဒေသကို သူနဲ့မထိုက်တန်ဟု ဆိုကာ တစ်ခါမှတောင် လာလည်ခြင်းမရှိ။အဘွားဖြစ်သူကိုလည်း လွမ်းဆွတ်ပုံမရ။ အဲ့တော့သူကလည်း မြေးကို စိတ်ချမ်းသာသလိုသာထားတော့သည်။

ဒါပေမယ့် အသက် ၂၈ နှစ်ပြည့်ပြီးသွားတဲ့ မြေးက လုပ်ငန်းစုကို ကောင်းကောင်းဦးစီးနေပြီလို့ထင်ရတာပါပဲ။တစ်ခါမှသူ့ကိုပြန်မခေါ်ပုံထောက်ရင်တော့။

သူထားရှိပေးခဲ့သည့် လူယုံကလည်း မြေးအတွက်အရမ်းကိုယုံကြည်အားကိုးလို့ရခြင်းကြောင့်သူလည်းစိတ်ချလက်ချ မြေးနဲ့အဝေးကို ထွက်လာနိုင်ခြင်းပင်မဟုတ်လား။

Healing A Broken SoulWhere stories live. Discover now