Part_1

232K 7.2K 976
                                    

"တောက် ခွန်းအလင်္ကာမှူး ‌ထွက်ခဲ့စမ်း!"

‌"သခင်ကြီး  သခင်လေး မရှိပါဘူး "

"ဘယ်သွားတာလဲ သူက"

"သူ့‌အလုပ်ကို ခဏသွားအုံးမယ်လို့ ကြီးမေ ကို ပြောခဲ့ပါတယ်"

"အိုခေ ကြီးမေ သူလာရင် ကျွန်တော့်အခန်းကို တစ်ချက်လောက် လွှတ်ပေးကြည့်ပါ"

"ဟုတ်ကဲ့ပါ သခင်ကြီး"

သခင်ကြီးအပေါ်တက်သွားမှ သူလည်း သက်ပြင်းတစ်ချက်ချကာ အိမ်အကူလေးတွေအား ကိုယ့်အလုပ်ကို ကိုယ်လုပ်ရန် ပြောလိုက်ရသည်။အိမ်ကြီးရှင်တွေရဲ့ကိစ္စအား ဝင်မပါတာ အကောင်းဆုံးပဲမလား။

                             *******
စဝ်ဈာန်မင်းမဟာမြတ် တစ်ယောက် အလွန် ဒေါသထွက်နေမှန်း အလင်္ကာ သိ၏။
အလင်္ကာနဲ့ ဘဝင်ရူးကောင် သည် လင်မယားအရာ တော်သည်။ လိုလိုချင်ချင်နဲ့ ထိုလူအား ယူခဲ့တာ မဟုတ်ပေ။
အလင်္ကာလည်း သူ့ကို မလိုချင်သလို သူလည်း အလင်္ကာကို အမြင်မကြည်ပေ။

"ဟေ့ အလင်္ကာ"

"အင်း ပြော"

"မင်း အလုပ်ကနေ လာတာလား "

"အင်း"

"အခြေအနေကရော"

"မီးရှို့လိုက်တယ် ကွန်တိန်နာ အပါအဝင်ပေါ့"

"မင်းပြောကြည့် အခုချိန်ဆို မင်းရဲ့စာရင်းမဲ့သူဌေးကြီး သွေးတိုးနေလောက်ပြီ ထင်လား?"

"ဟုတ်လောက်မှာပေါ့!"

"မင်းက သွေးအေးအေးနဲ့ အရမ်းရက်စက်တာပဲ ကိုယ့်ယောကျာ်းပစ္စည်းတွေကို "

"ဒါကတော့ သူ့အတွက် မဖြစ်စလောက်လေးပါ စိတ်ထဲ ထားမနေနဲ့။
ငါ ပြန်တော့မယ် "

"Ok"

ခွန်းအလင်္ကာမှူး ဆိုသည်မှာ ဒီလိုပါပင်။ရုပ်လေးက နူးညံ့တဲ့အသွင် ရှိသလောက် စိတ်ဓာတ်က အရမ်းမာသည်။
အခုလည်း ကြည့် ! တစ်ဖက်နိုင်ငံက တရားမဝင်ပို့တဲ့ လက်နက်တွေအား ဖမ်းဆီးကာ ထိုလက်နက်တွေအား မီးပုံ ရှို့ပစ်သည်။
ထ်ိုလက်နက်တွေ၏ပိုင်ရှင်မှာ ခွန်းအလင်္ကာမှူး၏ နှစ်ယောက်မရှိသော ယောကျာ်း စဝ်ဈာန်မင်းမဟာမြတ်၏ ပိုင်ဆိုင်မှုပင် ဖြစ်သည်။

My Possessive Husband Is A Non_list Billionaire(Complete) Where stories live. Discover now