Final

80.1K 3.3K 488
                                    

ငါးနှစ်ကြာပြီးနောက်;

"အချိန်နှင့်ဒီရေသည် လူကိုမစောင့်" ဟူသည့် စကားပုံအတိုင်းပင်။အချိန်များတရွေ့ရွေ့ဖြင့် ကုန်ဆုံးလာသည်မှာ ယနေ့တွင် သားလေး ငါးနှစ်တောင် ပြည့်ခဲ့ပြီပင်။သားလေးသည် ကြီးလာသည်နှင့်အမျှ လူဆိုးကောင်နှင့် သွားတူပြီး အေးတိအေးစက်နိုင်ပုံကတော့ ဖခင်နှစ်ယောက်လုံး၏ အမွေကို ရထားသည်ပင်။
သား၏မျက်ဝန်းညိုညိုများကတော့ အလင်္ကာဆီမှ အမွေကို ရထားလေသည်။

"ပါးပါး"

အလင်္ကာအတွေးလွန်နေတုန်း သား၏ခေါ်သံကြောင့်အတွေးစများအား လက်စသတ်လိုက်၍ လှည့်ကြည့်လိုက်၏။ထိုအခါ လူဆိုးကောင်၏ လက်ထဲတွင် ယက်ကန်ယက်ကန် ပါလာသည့် သား။ကြည်လင်သန့်ရှင်းသော မျက်နှာနုနုလေးထက်တွင် ဆံနွယ်နုနုလေးများက တစ်စတစ်စ ကျနေလေသည်။

"မောင် ကလေးကို ဘယ်လိုချီခေါ်လာတာလည်း"

"သားက အချီမခံဘူး"

အလင်္ကာ သက်ပြင်းတစ်ချက်ချကာ သားအား မောင့်လက်ထဲမှ ပွေ့ယူလိုက်တော့ နင့်စီးစွာ ‌သူ့လက်ထဲတွင် ‌ပါလာသော သား ။

"သား ကျောင်းမှာ လိမ်လိမ်မာမာနေပြီး ဆရာမစကားနားထောင်နော်"

သူ ထိုသို့မေးလိုက်တော့ သားက ပက်ခနဲ ပြန်ပြောလာလေသည်။

"နိုး "

"ကျစ် စဝ်ဈာန်မင်းကမ္ဘာမြတ်!"

သူ ထိုသို့အော်လိုက်တော့လည်း လူဆိုးကောင်၏သားသည် ငိုမဲ့မဲ့ဖြင့် ။

"မကြိုက်ဘူး အဲ့လိုနေရမှာကို "

"အေး မင်းလိုချင်တဲ့ကစားစရာမှန်သမျှ ငါ့ကို ဘာမှ လာမပူဆာနဲ့ ရော့ စဝ်ဈာန်မင်းမဟာမြတ် မင်းသားမင်း လာခေါ် ရပ်ကြည့်မနေနဲ့"

သားအဖ နှစ်ယောက် ရန်ဖြစ်နေသည့်ပုံရိပ်အား  စဝ်ဈာန်မင်းမဟာမြတ် လက်ပိုက်ကာ ကြည့်နေလိုက်သည်။သူကြည့်နေရင်း သူ့လက်ထဲသို့ ‌မှူးက သားအား ပြန်ပို့ပေးလာလေ၏။သူ ခေါ်လိုက်တော့ သားက သူ့လည်ပင်းတွင် မှီကာ နှာတရှုံ့ရှုံ့ဖြင့်။ပြီးနောက် စကားတိုးတိုးလေး ပြောလာလေ၏။

My Possessive Husband Is A Non_list Billionaire(Complete) Where stories live. Discover now