Part_26

51.7K 3.8K 250
                                    

AT MH Company ;

အထပ်ပေါင်းများစွာဖြင့် တည်ဆောက်ထားသော MH Company ၏ အစည်းအဝေးခန်းတွင် လူအများစု ရှိသော်လည်း အသက်ရှုသံ ညင်းသဲ့သဲ့ နှင့် လက်ဖြင့် ခုံအား တောက်နေသည့် အသံသာ ကြားနေရသည်။အဘယ်ကြောင့်ဆိုသော် ရှေ့ဆုံးတွင် ထိုင်နေသော CEO သည် သူ့၏ လက်ချောင်းသွယ်သွယ်များအား အသုံးပြုကာ ရှေ့တွင် ရှိသော စားပွဲခုံအား တောက်ပြီး လေစိမ်းများကို ထုတ်လွှတ်နေသည်။CEO က လေစိမ်းများ ထုတ်လွှတ်နေသောကြောင့် Projector ရှေ့တွင် Product အသစ်အား ရှင်းပြနေသော ကောင်မလေးသည် အထစ်ထစ်အငေါ့အငေါ့ဖြင့်သာ။သူရှင်းပြနေတုန်းမှာပင် ရေခဲရိုက်မျက်နှာနှင့် CEO၏အသံသည် တိတ်ဆိတ်နေသည့် Meeting room ထဲတွင် ထွက်ပေါ်လာ၏။

"ဒီထုတ်ကုန်ကို ပယ်တယ် "

စဝ်ဈာန်မင်းမဟာမြတ် ထိုသို့ပြောလိုက်တော့ အကုန်လုံး၏အကြည့်များက သူ့ထံသို့ တန်းတန်းမတ်မတ်ပင်။သူလည်း ဟာကွက်မှန်သမျှအကုန်ထောက်ပြလိုက်ပြီး Projector ရှေ့တွင်ရှိသည့် မိန်းကလေးဟာလည်း တစ်ဖက် Company မှ ဖြစ်ကြောင်း ရှင်းပြလိုက်တော့ ခုနက ဆူညံသွားသည့် လူများမှာ ယခုမှာမူ ရေဖြင့် မီးကို ငြိမ်းလိုက်သကဲ့လို့ ငြိမ်ကျသွားတော့သည်။ထို့ကြောင့် သူလည်း မဲ့ပြုံး တစ်ချက်ပြုံးလိုက်ကာ အစည်းအဝေးခန်းထဲမှ ထွက်လာလိုက်သည်။

***
At Tolin Airport;

တိုလင်နိုင်ငံ၏ အကြီးဆုံး ပုဂ္ဂလိကပိုင် လေယာဉ်ကွင်းတွင် C City မှ လေယာဉ်တစ်စီး ဆင်းသက်လာ၏။ထိုလေယာဉ်၏ VVIP room တွင် တိမ်မှူးငယ် နှင့် သူ့အတွင်းရေးမှူး ပေရွက်လွှာ တို့လည်း ပါ၏။

"CEO ရောက်ပါပြီ"

"အင်း"

တိမ်မှူးငယ် ခေါင်းနောက်ကျိကျိ ဖြစ်နေသောကြောင့် ထိုသို့သာ တုန့်ပြန်လိုက်သည်။

"ခေါင်းနောက်နေတာလား CEO"

"အင်း နည်းနည်း "

"လွှာ့ မှာ သံပုရာသီးပါတယ် ရှူလိုက်။ ခေါင်းနောက်တာ နည်းနည်း သက်သာတာပေါ့"

ပေရွက်လွှာ ထိုသို့ပြောလိုက်ပြီး သူဆောင်ထားနေကျ သံပုရာသီးအား CEO အား ပေးလိုက်သည်။တိမ်မှူးငယ် သူ့ဘေးက ကောင်မလေး ပေးလာသော သံပုရာသီးအား ယူကာ နှာဖျားဝ‌တွင် တေ့၍ ရှူခိုက်တော့ ထိုကောင်မလေး ပြောသလို ခေါင်းနောက်တာ အနည်းငယ်တော့ သက်သာသယောင်ယောင်။

My Possessive Husband Is A Non_list Billionaire(Complete) Where stories live. Discover now