Part-2

91.8K 5.1K 137
                                    

AN- (Main lead နှစ်ယောက်နာမည်က

စဝ်ဈာန်မင်းမဟာမြတ်နဲ့ ခွန်းအလင်္ကာမှူး ပါ

အပိုင်းတစ်မှာလည်း ပြန်ပြင်ထားပါပြီရှင့်)

****

အလင်္ကာ ဟိုဘဝင်ရူးကောင်၏ အခန်းထဲက ထွက်လာလိုက်ပြီး သူ့အိပ်ခန်း သို့ ပြန်လာလိုက်သည်။အလင်္ကာ၏အခန်းသည် လူဆိုးကောင်၏ အခန်းနှင့် ဆန့်ကျင်ဘက်ပင်။တစ်ခန်းလုံး အဖြူရောင်သာ သုံးထားသည်။
အလင်္ကာသည် အရောင်စိုးရလွယ်သော အဖြူရောင်ကို နှစ်သက်သည်။အလင်္ကာ အခန်းထဲသို့ ရောက်တော့ ဝတ်ထားသော အင်္ကျီများအားတစ်လွှာချင်း ချွတ်ချကာ တဘက်အဖြူတစ်ထည်အား ယူ၍ အောက်ပိုင်းသို့ ပတ်လိုက်ကာ ရေချိုးခန်းထဲသို့ ဝင်လိုက်သည်။Bathroom ထဲ ဝင်ဝင်ချင်းမှာပင် လာဗင်ဒါအနံ့သင်းသင်းလေးက သူ့အား စီးကြိုနေလေသည်။ထိုရနံ့သင်းသင်းလေးအား ရူရှိုက်လိုက်ပြီး အလင်္ကာတစ်ယောက် အောက်ပိုင်းတွင် ပတ်ထားသော သဘက်အဖြူအား ချွတ်လိုက်ကာ Bathtub ထဲသို့ ဝင်၍ ရေစိမ်လိုက်၏။

ရေစ်ိမ်ရင်းနှင့်ပင်ဘေးနားတွင် ချထားသော ဝိုင်တစ်ခွက်အား ယူကာ နှုတ်ခမ်းဖျားတင်တေ့၍ မော့သောက်ပြီး အရသာခံလိုက်သည်။လည်ချောင်းတစ်လျှောက်စီးဝင်သွားသည့် နှစ်ချို့ဝိုင်အရသာအားခံနေရင်းပင် ဘဝင်ရူးကောင် နဲ့ စတင်တွေ့ဆုံ သည့် နေ့ရက်များဆီသို့ အတွေးများက ပြန့်ကြဲသွားလေ၏။

                          ***********
အတိတ်ကနေ့ရက်များဆီသို့

"သားငယ်ရေ ‌ထပြီလား"

"ဟုတ်ကဲ့ မေမေ "

"အဲ့တာဆို ကျောင်းသွားဖို့ ပြင်ပြီး အောက်ဆင်းလာခဲ့တော့နော်။
မနက်စာ စားဖို့  စောင့်နေမယ်"

"ဟုတ်ကဲ့ မေမေ "

အပြင်ဘက်က ဘာသံမှ မကြားရတော့မှ အလင်္ကာလည်း သက်ပြင်းတစ်ချက်ချလိုက်မိသည်။အလင်္ကာတို့သည် စော်ဘွားမျိုးဖြစ်သောကြောင့် အလင်္ကာ၏ ဖိုးဖိုးသည် စည်းကမ်း အရမ်းတင်းကြပ်သည်။အလင်္ကာသည် ထားရာနေ စေရာသွားဘဝနှင့် ဖြတ်သန်းလာခဲ့သည်မှာ အလင်္ကာ တစ်သက်ပင်။

My Possessive Husband Is A Non_list Billionaire(Complete) Where stories live. Discover now