Part_6

55.4K 4K 298
                                    

နောက်တစ်နေ့မနက်ခင်း,

ဒီနေ့ ကျောင်းပိတ်ရက်ဖြစ်သောကြောင့် အလင်္ကာနဲ့ရတု လိုအပ်တာတွေ အတူတူသွားဝယ်ရန်အတွက် ချိန်းထားသည်။ထို့ကြောင့် အလင်္ကာလည်း အိပ်ယာထထချင်း ရေချိုး၍ ပြင်ဆင်စရာရှိတာ ပြင်ဆင်ပြီးနောက်တွင် နာရီကြည့်လိုက်တော့ နေ့လည် ၁၁ နာရီထိုးသွားလေပြီ။ထို့ကြောင့် အောက်ထပ်ကို ဆင်းလာလိုက်တော့ အဘိုး၏ဧည့်သည်တွေ ရောက်လာတာ ထင်ပါရဲ့။စကားပြောသံများအား ကြားလိုက်ရသည်။သို့သော် အလင်္ကာနှင့် မဆိုင်သောကြောင့် နောက်ထပ်လှေကားထစ် တစ်,ထစ်ကို ဆင်းဖို့ပြင်နေချိန်တွင်

"မဟာတင့်ရေ ငါတို့ လူကြီးချင်း ပြောထားတဲ့ကိစ္စက ဘယ်တော့ အကောင်ထည် ဖော်မှာလဲ!"

"ဒေဝါရ ကလေးတွေက ငယ်ပါသေးတယ် ကျောင်းပြီးမှပေါ့ အရမ်းမလောပါနဲ့!"

"ဟားဟား ဟုတ်ပြီ "

အလင်္ကာ တွေးလိုက်မိသေးသည်။မဟာတင့် ဆိုတော့ ဟိုကောင်၏ ဖိုးဖိုး ဦးမဟာတင့် တစ်ယောက်ပဲ ရှိသည်။သူတော့ မပါလာဘူးမလား!မပါလောက်ပါဘူး ။သူပဲ အတွေးလွန်နေတာနေမှာပါ!

အလင်္ကာ အောက်ထပ်ကို ဆင်းသွားတော့ သူ့အတွေးနဲ့ တက်တက်စင်အောင် လွဲသည်။ဦးမဟာတင့်ဘေးမှာ Nike ဦးထုတ် အနက်ရောင်အား စောင်းထားပြီး တီရှပ်အနက်ရောင်နှင့် ဂျင်းအနက်ရောင်အား တွဲဖက်ကာ ဝတ်ဆင်ထားသည်။ အသားအရည်က အလင်္ကာလောက် မဖြူပေမယ့် ကြည်လင်နေ၏။တစ်ကိုယ်လုံး နက်ဆွေးနေအောင်ဝတ်ဆင်ထားသော သူသည် မုန်းချင်စရာကောင်းလောက်အောင်ကို ချောသည်။အလင်္ကာအတွေးလွန်နေတုန်း ဖိုးဖိုးက သူ့အား ခေါ်လာသောကြောင့် ထိုသူ၏ မျက်လုံးသည်လည်း သူ့နားသို့ ရောက်လာ၏။အလင်္ကာလည်း ပြန်စိုက်ကြည့်ပေးလိုက်ကာ ဖိုးဖိုးနား သွားထိုင်လိုက်ပြီး

"ကျွန်တော် အပြင်သွားမို့!"

"ဘယ်သူနဲ့လဲ မြေးငယ်?"

"ရတု နဲ့ သူလာခေါ်မှာတဲ့!"

"မဟာလေးကိုလည်း ခေါ်သွားပါလား!"

"..."

စဝ်ဈာန်မင်းမဟာမြတ်က ဘာမှ မပြောပေမယ့် အဖိုးက‌တော့သူ့အား ပြောလာ၏။

My Possessive Husband Is A Non_list Billionaire(Complete) Where stories live. Discover now