Part_35

49.8K 3.3K 732
                                    

အဝေးပြေးလမ်းမကြီးထက်တွင် ကားအနီရောင်လေးတစ်စီးသည် ခပ်မြန်မြန် ရွေ့လျားနေ၏။ထိုကားအနီလေး၏ ပိုင်ရှင်ကတော့ ခွန်းအလင်္ကာမှူးပင်။ GPS တွင်ပြထားသည့် နေရာသို့ ရောက်တော့ ကားအား အရှိန်လျော့ချလိုက်သည်။ပြီးတော့ GPS လမ်းညွှန်အတိုင်း သစ်ပင်များ စိမ်းစိုနေသည့် တောအုပ်ကလေးထဲသို့ ဝင်လာခဲ့လိုက်သည်။
တောအုပ်ကလေးသည် အလွန်သာယာ၏။ငှက်ကလေးများကလည်း တေးကျူသီးနေကြသည်။ လေကောင်းလေသန့်ရရန်အတွက် ကားမှန်ပြတင်းပေါက်အား ချလိုက်တော့ သူ့နှာခေါင်းဝတွင် လေခပ်အေးအေးလေးများက တသီတသန်း ဝင်ရောက်လာချေသည်။
ဒီတောအုပ်လေးသည် ဘိုးဘွား အပိုင်ပင်။ဒီတောအုပ်သည် သစ်ပင်ပန်းမန်များဖြင့် စိမ်းလန်းကာ အပန်းဖြေရန်အတွက် အလွန်ကောင်းသော နေရာတစ်ခုပင်ဖြစ်၏။

အလင်္ကာ နှင့် လူဆိုးကောင် လက်ထပ်လိုက်တော့ လက်ထပ်လက်ဖွဲ့အဖြစ် ဖိုးဖိုးက ပေးခဲ့သောကြောင့် ယခု ဒီတောအုပ်သေးသေးလေးရဲ့ ပိုင်ရှင်မှာ အလင်္ကာ ဖြစ်နေပြီပင်။
အတွေးများအား လက်စသတ်ကာ ကားအားသေချာမောင်းနှင်လိုက်သည်။ လမ်းအတိုင်းမောင်းနှင်လာပြီးသည့်နောက်တွင်တော့ အလင်္ကာ မျက်လုံးထဲ‌ဝင်လာသည်က ထောင့်မှန်စတုဂံပုံစံရှိသော အိမ်အနက်လေးတစ်လုံး။ သွားစွယ်ဖြူဖြူလေးများပေါ်သည့်အထိ ပြုံးလိုက်ပြီး နှုတ်ဖျားမှလည်း

"ရောက်ပြီ!!"

အလင်္ကာ ကားအားစက်သပ်ကာ သေချာရပ်လိုက်သည်။ပြီးနောက် Lover seat ပေါ်တွင် တင်ထားသည့် Long coat ဖြူဖြူလေးအား ယူလိုက်ကာ ကားပေါ်မှ ဆင်းလာလိုက်သည်။ ကားပေါ်ကဆင်းဆင်းချင်မှာပင် သူ့ဖိနပ်အောက်တွင် နူးညံ့သည့် အထိအတွေ့လေး။ထို့ကြောင့် သူငုံကြည့်လိုက်တော့ မြက်ခင်းစိမ်းလှလှလေး။ထိုမြက်ခင်းစ်ိမ်းပေါ်တွင် ကျောက်စရစ်ခဲလေးများလည်း အနည်းငယ်ရှိ၏။နှစ်ခြိုက်စွာပြုံးလိုက်ပြီး အိမ်နားသို့ လျှောက်သွားလိုက်သည်။
အလှသဘောဖြင့်ပြုလုပ်ထားသည့် ရေကူးကန်ပုံစံလေးသည် အိမ်နှင့်တစ်ဆက်တည်းဖြစ်နေသည်။ နက်ဆွေးနေသည့်အိမ်နားရောက်တော့ တံခါးအား သူ့မျက်နှာဖြင့် Scan ဖတ်လိုက်တော့ အလိုအလျောက် ပွင့်လာ၏။တံခါးပွင့်လာတော့  အိမ်အတွင်းထဲသို့ ဝင်သွားလိုက်သည်။ဝင်ဝင်ချင်းမှာပင် သူ့၏အမြင်အာရုံအလုံးစုံသည် အနက်ရောင်များဖြင့် ပြည့်နှက်သွားလေသည်။အိမ်အတွင်းအပြင်မှန်သမျှ နှင့် အပြင်အဆင်တို့ကို လူဆိုးကောင်အကြိုက် အနက်ရောင်များဖြင့်သာ ပြုလုပ်၍ ဆင်ယင်ပေးထားသည်။ဟုတ်ပါသည်။ဒီ အပန်းဖြေအိမ်လေးသည် လူဆိုးကောင်အတွက် အလင်္ကာ၏ မင်္ဂလာလက်ဆောင်ပင်။အနက်ရောင်ကိုကြိုက်သည့်ကောင်ငယ်လေးက ဒီအပန်းဖြေအိမ်လေးကို ဘယ်လောက်တောင် ကြိုက်နှစ်သက်လိမ့်မလည်း။အလင်္ကာ တွေးမိပြီး ပီတိဖြစ်မိသည်။အလင်္ကာ လက်တွင်ပတ်ထားသည့် နာရီအားကြည့်လိုက်တော့ နေလည့် 1 နာရီတောင် လက်တံက ညွှန်းပြနေ၏။ထို့ကြောင့်  အိမ်အပေါ်ထပ်သို့ တက်လာလိုက်သည်။

My Possessive Husband Is A Non_list Billionaire(Complete) Where stories live. Discover now