Part_12

46.9K 3.8K 666
                                    

သံတမန်၏ စံအိမ်တော်၌ တိမ်မှူးငယ် တစ်ယောက် သောင်းကျန်းနေ၏။အကြောင်းရင်းမှာတော့ စဝ်ဈာန်မင်းမဟာမြတ်သည် ကျောင်းတက်လာသည့် တစ်ပတ်ဆိုတဲ့ အချိန်အတွင်းတွင် သူ့အား အကြည့်တစ်ချက်တောင် မပေးခဲ့ချေ။တိမ်မှူးငယ် တစ်ယောက် သူ့အဖေ၏ အကူအညီဖြင့် ကျောင်းကောင်စီဥက္ကဌ ရာထူးအား ရခဲ့ပေမယ့် ခွန်းအလင်္ကာမှူးနဲ့ စဝ်ဈာန်မင်းမဟာမြတ်၏ အာရုံစိုက်ခြင်းကို မခံရပေ.. ပြီးတော့ ခွန်းအလင်္ကာမှူး ဆိုသည့် လူသားသည် သူထင်တာထက် ပေါင်းသင်းရတာ ပိုခက်ခဲ၏။
ဘယ်လောက်ပဲ အရောဝင်နေပါစေ ထို မျက်နှာသေဖြင့် လူသားက သူ့အား အရေးမလုပ်ပေ...။

စဝ်ဈာန်မင်းမဟာမြတ်သည်လည်း ထိုနည်းတူပင်။ထို့ကြောင့် တိမ်မှူးငယ်တစ်ယောက် အခန်းထဲတွင် သောင်းကျန်းလို့ဝမှ Daddy ၏ စာကြည့်ခန်းထဲသို့ ဝင်လာလိုက်သည်။

"Daddy"

ဦးဈာန်ခေတ် သူ့စာကြည့်ခန်းထဲ ဝုန်းဒိုင်းကျဲ ရောက်လာသူအား ကြည့်လိုက်တော့
သမီးပင်။ထို့ကြောင့်

" ဒယ်ဒီမင်းသမီးလေး ဘာအလိုရှိပါသလဲ"

"စဝ်ဈာန်မင်းမဟာမြတ် ကို လိုချင်တယ်"

တိမ်မှူးငယ် ထိုသို့ပြောလိုက်တော့ ဒယ်ဒီက သူ့အား ချက်ချင်း အငြင်းစကား ပြောလာ၏။

"အဲ့တာတော့ မရဘူး"

"ဘာလို့လဲ"

"သမီးလိုချင်တာ မှန်သမျှ Daddy ဖြည့်ဆည်း ပေးခဲ့တာ မှန်တယ်။ ဒါပေမယ့် ဒီတစ်ခုတော့ မရဘူး "

"Daddy မှာ အစွမ်းအစ ရှိတယ် မဟုတ်ဘူးလား ။မရရအောင် လုပ်ပေး စဝ်ဈာန်မင်းမဟာမြတ်က သမီးလူဖြစ်အောင် မရရအောင်လုပ်..."

သူပြောနေတုန်းမှာပင် Daddyက အော်လာ၏။

"တိမ်မှူးငယ်! "

"မရဘူးလို့ ဘယ်နှစ်ခါ ပြောရမှာလည်း ဟင် သူတို့ကို ထိနိုင်တဲ့ အစွမ်းအစ ငါ့မှာ မရှိဘူး "

".."

"..."

အခန်းထဲက လေထုသည် နှစ်စက္ကန့်လောက် တိတ်ဆိတ်သွားသည်။ဦးဈာန်ခေတ် သူ့သမီးအား ကြည့်လိုက်တော့ သူ့ကို မျက်ရည်များပြည့်နှက်နေသော မျက်လုံးတစ်စုံ ဖြင့် ပြန်ကြည့်နေပြီး

My Possessive Husband Is A Non_list Billionaire(Complete) Where stories live. Discover now