Part_14

49.3K 3.6K 223
                                    

မဟာတို့နှစ်ယောက် စေ့စပ်ပွဲ ပြီးပြီး တစ်ပတ်လောက်ကြာသည့်တိုင်အောင် သူတို့နှစ်ယောက်၏ သတင်းသည် တိုလင်တစ်နိုင်ငံလုံး၏ Website တွင် No.1 နေရာတွင် Trend ဖြစ်ခဲ့၏။တိုလင်နိုင်ငံတွင် ရှိသော လူဦးရေမှာ 5.2 Billionထိရှိပြီး ထိုထဲက 95%မှာ LGBTQ အသိုင်းအဝန်းကို ထောက်ခံတဲ့သူများ ဖြစ်၏။ထိုထဲမှ လူငယ်အများစု အင်း တစ်နည်းအားဖြင့် မိန်းကလေးအများစုသည် LGBTQ   ကို ထောက်ခံမှုနှုန်း ပိုများလေသည်။

****
At Class A :

အတန်းထဲတွင် အကုန်လုံး ငြိမ်သက်နေ၏။အကြောင်းအရင်းမှာမူ ရှေ့တွင် ရုတ်တရတ်ရောက်နေသော လူကြောင့်ပေ။ထိုသူသည် L.k တက္ကသိုလ်၏ စည်းကမ်း အကြီးဆုံး ပါချုပ် ဖြစ်နေတာကြောင့်ပင်။အတန်းတက်တဲ့ အချိန်ရောက်တော့ ဘာမှ မပြောဘဲ  အတန်းထဲ ရောက်လာကာ တစ်ယောက်ပြီး တစ်ယောက်အား စာမေးနေသောကြောင့်ပေ။

"ခွန်းအလင်္ကာမှူး  ထ"

"ဟုတ်"

"စာမျက်နှာ 58 ရဲ့ သုံးပိုဒ်မြောက်မှာ ဘာအကြောင်း ပြောထားလဲ "

ပါချုပ် က ပြောပြခိုင်းတော့ သူလည်း အသေးစိတ် အကုန်လုံးအား ပြောပြလိုက်သည်။သူ၏ အဖြေအား ဆရာက သဘောကျစွာ တုန့်ပြန့်၏။

"အင်း တော်တယ် ထိုင်တော့!"

"ပြီးတော့ စဝ်ဈာန်မင်းမဟာမြတ် "

"ဟုတ် "

"ခွန်းအလင်္ကာမှူး ရှင်းပြတဲ့ အပိုဒ်ပြီး နောက်တစ်ပိုဒ်ကို ရှင်းပြ!"

မဟာ  ပါချုပ် ပြောတဲ့နေရာအား ဟာကွက် မရှိအောင် ပြောပြလိုက်တော့

"ok ရပြီ "

"ဟုတ်"

ပါချုပ်ကြီးက စကားဆက်ပြောသည်။

"မကြာခင် အရည်အချင်းစစ် စာမေးပွဲ ရှိတယ် "

"ဟုတ်!"

"အရင်နှစ်က ငါတို့တက္ကသိုလ်က ‌အမှတ်အများဆုံး ရတယ် ဆိုပြီး သတင်းစာ တိုင်းမှာ ဖော်ပြခြင်း ခံရတယ်!"

"..."

ပါချုပ်တစ်ယောက် ငြိမ်သက်နေသော ကျောင်းသားများအား တစ်ချက်ဝှေ့ကြည့်ကာ

My Possessive Husband Is A Non_list Billionaire(Complete) Where stories live. Discover now