Part_21

51.4K 3.6K 281
                                    

AT LUXURY CONDO;

မဟာ သေနတ်မှန်ပြီးပြီးချင်းတွင် ဇာမ်အား ဖြစ်ပျက်သည့်ကိစ္စရပ်များကို လက်လွှဲထားလိုက်ပြီး Condo သို့ ပြန်လာခဲ့လိုက်သည်။
Condo သို့ရောက်သည်နှင့်တစ်ပြိုင်နက် သူ့လျှို့ဝှက်ခန်းသို့ တစ်ခါတည်း ဝင်သွား၍ သွေးများပေသွားသော အင်္ကျီများအား ချွတ်ကာ ဓာတ်ဆီဖြင့်လောင်း၍ တစ်ခါတည်း မီးရှို့ကာ လက်စဖျောက်ပစ်ရ၏။ပြီးနောက် ဝမ်းဗိုက်ကဒဏ်ရာများအား အဖန်ရည်ဖြင့် ဆေးလိုက်၏။ပြီးမှ ဗိုက်ထဲတွင် ဝင်နေသည့် ကျည်ဆံအား ကပ်ကြေးဖြင့် ညှပ်ကာ ထုတ်လိုက်တော့ သွေးစွန်းနေသည့် ကျည်ဆံသည် ထွက်လာပြီး ထိုကျည်ဆံအား ပန်းကန်တစ်ခုထဲတွင် ထည့်ကာ အနာပေါ်သို့ အရက်ပြန်အား လောင်းချလိုက်သည်။နာကျင်လွန်းလို့ မဟာ၏ နဖူးကြောများပါ ထောင်တက်လာလေသည်။ မဟာ ဒဏ်ရာအား ပတ်တီးစီးလိုက်ပြီးနောက် ပိုးသတ်ဆေး ထိုးလိုက်ပြီး အဝတ်ဗလာဖြစ်နေသည့် ခန္ဓာကိုယ်၏အောက်ပိုင်းအား သဘက်အနက်ရောင်ဖြင့် ပတ်လိုက်၍ လျှို့ဝှက်ခန်းမှ ထွက်လာလိုက်သည်။တစ်နေကုန် ဘာမှမစားရသေးသည့်အချိန်ကြောင့် မဟာ၏ ဗိုက်ထဲတွင် သံစုံသီးဝိုင်း မြည်နေ၏။ထို့ကြောင့် မဟာလည်း အပေါ်ပိုင်းဗလာဖြင့်သာ မီးဖိုခန်းသို့ ဝင်လာလိုက်ပြီး ရေခဲသေတ္တာ ဖွင့်ကြည့်လိုက်တော့ မကြာသေးမှီက Super market မှ ဝယ်လာသည့် အမဲသား ရယ် ၊ဟင်းသီးဟင်းရွက်များနှင့် ခေါက်ဆွဲဘူးများသာ ရှိသည်။ထို့ကြောင့် အမဲသားအား ရေခဲသေတ္တာထဲမှ ထုတ်လိုက်ပြီး ကင်စက်အား အပူချိန်ညီအောင်ညှိလိုက်ကာ အမဲသားအလွှာလေးများအား ကင်စက်ပေါ်တွင် တင်၍ ကင်လိုက်သည်။ပြီးနောက် ခေါက်ဆွဲထုတ်အား ဖောက်ကာ ပွက်ပွက်ဆူနေသည့် ရေနွေးထဲ ထည့်ထားလိုက်ပြီး အဖုံးအုပ်လိုက်၏။

ဟင်းချက်နေ‌သောသူသည်
အောက်ပိုင်းတွင် သဘက်အမဲရောင်တစ်ထည်သာ ပတ်ထားပြီး ‌အပေါ်ပိုင်း အဝတ်ဗလာဖြစ်သောကြောင့် ကျောပြင်ကျယ်ကြီးတွင် ခြင်္သေ့တစ်ကောင် ဟိန်းထွက်နေသည့် တက်တူးက အထင်းသား မြင်နေရသည်။
မီးဖိုပေါ်တွင် တင်ထားသော ခေါက်ဆွဲပြုတ်အား ကြည့်ကာ ဘေစင်အား လက်ဖြင့် တစ်တောက်တောက် ခေါက်၍ အချိန်များအား ရေရွတ်နေသည့် ယောကျာ်းတစ်ယောက်၏ ပုံရိပ်သည် အရမ်းကို ကြည့်ကောင်းလွန်းသည်။ ခေါက်ဆွဲပြုတ်အိုး စောင့်နေတုန်း ထမင်းစားပွဲပေါ်တွင် တင်ထားသည့် ဖုန်း၏ အသံသည် မြည်လာ၏။တစ်ဖက်က ခေါ်ဆိုလာသူအား ကြည့်လိုက်တော့ သူ့လူယုံ ဇာမ်ဖြစ်နေသောကြောင့် ဖုန်းအား ကိုင်လိုက်ပြီး Speaker ပါ တစ်ခါတည်း ဖွင့်လိုက်သည်။

My Possessive Husband Is A Non_list Billionaire(Complete) Where stories live. Discover now