Part_34

47.3K 3.3K 594
                                    

At Tolin ;

မဟာစံအိမ်တော်ရှိ ဧည့်ခန်းအတွင်းတွင် ကောင်ငယ်လေးနှစ်ယောက်၏ စကားဝိုင်းသည် အေးစက်နေသည်။အိမ်ကြီးရှင်သခင်နှစ်ယောက်၏အေးစက်သော စကားဝိုင်းကြောင့် စံအိမ်တွင်ရှိသောအလုပ်သမားများကလည်း အခြေအနေနဲ့အချိန်အခါကို ကြည့်နေရသည်။

"ဒီတစ်ခါက အရမ်းအရေးကြီးလို့ပါ မောင့်ကို အကူအညီတောင်းထားလို့"

"..."

တစ်ဖက်သူက ဘာမှပြန်မပြောဘဲ သူ့အားအေးစက်စွာကြည့်နေ၏။ထို့ကြောင့် စိတ်ရှုပ်စွာဖြင့် ကျစ်တစ်ချက် သပ်မိသည်။တရားမဝင်အလုပ်တွေကို အပြီးတိုင် စွန့်လွှတ်မယ်ဟု ကတိပေးထားသော‌လည်း အခုလက်နက်တင်ပို့မည် အခေါက်က  အရေးကြီးသောကြောင့် သူ့အား ဒီရာမျိုးက အ‌ကူအညီတောင်းထားတာပင်။ထို့ကြောင့် သူလည်း သူ့ကိစ္စမှန်သမျှ သေးသေးကြီးကြီး အမြဲတမ်းကူညီပေးသည့် ဒီရာမျိုးက နောက်ဆုံးထားပြီး ကူညီပေးချင်ပါသည်။လက်နက်တန်ဖိုး သိန်းပေါင်းများစွာဖြစ်သောကြောင့် အန္တရာယ်လည်းများ၏။ထို့ကြောင့် ဒီကိစ္စတွင် ကိုယ်တိုင်ဝင်ပါရမည်မှာ အမှန်ပေ။

"မင်း အဲ့အလုပ် ဆက်လုပ်နေမယ်ဆို ငါ့ကို စွန့်လွှတ်လိုက်!"

သူ စဉ်းစားနေတုန်းမှာပင် မှူးသည် အေးစက်စက်စကားတစ်ခွန်းသာ ပြောလာလေသည်။ဘဝမှာ ခေါင်းအစားဆုံးက ဒီနေ့ဒီအချိန်ပင် ဖြစ်၏။သို့သော် သူ ဆုံးဖြတ်ချက်ကို ပြန်မပြင်ချင်ပါ။ပြန်လာမှပဲ မှူးကို ချော့မည်ဟု ဆုံးဖြတ်လိုက်ကာ ဆိုဖာဘေးတွင်ချထားသည့် Lauggue အား တစ်ချက်ကြည့်လိုက်၏။ပြီးမှ သူ့ရှေ့တွင် တည်ငြိမ်စွာထိုင်နေသည့်မှူးနား သွားထိုင်လိုက်သည်။
ပြီးနောက်တွင် ပေါင်ပေါ်တင်ထားသည့် မှူး၏ လက်ဖဝါးနုနုအားတစ်ချက်နမ်းလိုက်ပြီး

ပြွတ်စ်!

"မောင် ပြန်လာမှ မှူးကို ချော့ပါမယ်"

အလင်္ကာ လူဆိုးကောင်နှုတ်ဖျားမှ ထွက်သည့်စကားလုံးများကြောင့် လူဆိုးကောင်အား တစ်ချက်ကြည့်လိုက်သည်။အဆုံးစွန်ထိ လူဆိုးကောင်က အလုပ်ကို မစွန့်လွှတ်နိုင်ဘူးပဲ။ထို့ကြောင့် အလင်္ကာ လူဆိုးကောင်၏လက်ထဲမှ သူ့လက်အား ဆွဲယူလိုက်ကာ

My Possessive Husband Is A Non_list Billionaire(Complete) Where stories live. Discover now