Part_8

51.3K 3.7K 467
                                    

At class A ;

တစ်ခန်းလုံးကတိတ်ဆိတ်နေပြီး ရှေ့တွင် ရပ်နေသည့် ဆရာမလက်ထဲ၌ရှိသော အဖြေလွှာစာရွက်ကိုပဲ စိတ်ဝင်စားနေကြ၏။Class A တွင် ရှိသော ကျောင်းသား/ကျောင်းသူသည် ဆေးပညာ  ယူထားတဲ့သူများပင်ဖြစ်သည်။တက္ကသိုလ်၌ မေဂျာစုံရှိပေမယ့် ဆေးပညာနဲ့ ပတ်သတ်သည့်အတန်းသည် class A တစ်ခုတည်းပင်။

"ကဲ ဒီတစ်ခေါက် exam မှာတော့ အဆင့်လိုက် ခွဲထိုင်ရမှာ နော်"

"ဟုတ်ကဲ့ပါ"

"ကဲ roll 1.2မှာ စဝ်ဈာန်မင်းမဟာမြတ်နဲ့ ခွန်းအလင်္ကာမှူး!"

ဆရာမ၏ စကားသံသည် သူ့အား ထိတ်လန့်စေသည်။

ကျစ် !ဘာလို့ ဒီကောင်နဲ့မှ အတူတူ ကျရတာလဲ!

"စဝ်ဈာန်မင်းမဟာမြတ်က A plus နဲ့ အမှတ်အများဆုံးပဲ အလင်္ကာ သားကကျတော့ A minus နဲ့ ဒုတိယအများဆုံး"

ဆရာမက သူ့အတွေးတွေကို သိသည့်အလား ပြောပြ၏။သို့သော် လွန်ဆန်လို့မှ မရချေ။ထိုကောင်ကို တစ်ခုတော့ အလင်္ကာ ချီးကျူးမိသည်။

ဒီကောင် ဉာဏ်တော်တော်ကောင်းတာပဲ!

"ရတုရှင်းသာ နဲ့ ဒီမျိုးမင်း က Roll 3. 4 "

"မှူးဇမ်မင်းနဲ့ Class B က အရင့်ရောင် က Roll 5.6 !"

ဆရာမ ထိုင်ခုံနေရာများအား အမှတ်စဉ်လိုက် ချပေးပြီးနောက်တွင် သူတို့လည်း ဆရာမပြောသည့် ထိုင်ခုံတွင် ထိုင်ရသည်။
Class A မှ မည်သူ တစ်ဦး​တစ်ယောက်မှ နောက်ခန်းသို့ ဆင်းသွားရခြင်း မရှိပေ။သို့သော် Class Bရဲ့ အခန်းက ကောင်လေးတစ်ယောက်တော့ သူ့တို့အခန်းသို့ တက်လာ၏။

နာမည်က အရင့်ရောင် တဲ့။အရင့်ရောင် သည် ဆေးပညာ ယူထားသော်လည်း Class B ကိုသာ ရောက်ခဲ့၏။အရင့်ရောင်၏ အမေသည်  ရွှေဆိုင်များစွာ ဖွင့်ထားပြီး အဖေသည် Entertainment များစွာ ထောင်ထား၏ ။သို့သော် သူ့ကို ဆင်းရဲသား ဟု ထင်မြင်သည်က များလေသည်။အစစ်အမှန် ခင်မင်မှုကို လိုချင်သောကြောင့်လို့ ပြောရမလား? ထို့ကြောင့် အရင့် သူ့ နောက်ခံများကို သိပ်ပြီး မဖော်ပြပေ။အခုတော့ အရင့်ရောင်၏ ကြိုးစားမှုကြောင့် class Aသို့ ရောက်ခဲ့ပြီပင်။

My Possessive Husband Is A Non_list Billionaire(Complete) Where stories live. Discover now