Part_24

49.6K 3.5K 713
                                    

အလင်္ကာ ရုံးရောက်ရောက်ချင်းမှာပင် အလုပ်တွေက ပုံနေပြီပင်။ထို့ကြောင့် အလင်္ကာလည်း Computer အား ဖွင့်ကာ အလုပ်စလုပ်ရန် ကြံရွယ်လိုက်တော့ Screen ထက်တွင် ပေါ်နေသော ပုံရိပ်လေး။ပုံရိပ်လေးအား ကြည့်ကာ အလင်္ကာ သွားစွယ်ကလေးနှင့်ပါးချိုင့်ကလေးများအား ပေါ်အောင် စိတ်လိုလက်ရ ပြုံးမိလိုက်သည်။ဒီလူသားသည် သူ့အတွက် အေးချမ်းဖွယ်ရာ ရပ်ဝန်းလေး။ဘယ်လောက်ဆိုးဆိုး အလင်္ကာ ကတော့ ငယ်စဉ်ဘဝထဲက မငြိုငြင်စွာ ချစ်မိနေသည်မလား။ခပ်တည်တည်လေးဖြင့် တစ်ကိုယ်လုံးနက်စွေးနေအောင် ဝတ်ထားသော ကောင်ငယ်ကလေးသည် သူ့မျက်လုံးထဲတွင်တော့ သိပ်ကို ချစ်ဖို့ကောင်းလွန်းနေ၏။သူသဘောမကျတာ ရှိသည့်အခါတိုင်းတွင်လည်း မျက်ခုံးများ တွန့်ချိုးတတ်သည်။ ကြီးလာတဲ့အခါတွင်ဝ ကလေးငယ်နှင့် အလင်္ကာသည် မတူညီသည့်လမ်းကြောင်းကို လျှောက်လှမ်းတော့ ခံစားချက်တွေကို မြိုသိပ်ထားလိုက်ရသည်။သူတို့နှစ်ယောက်လုံးသည် ခံစားချက်ကို ဦးစားမပေးတတ်ပဲ ကိုယ်ဝါသနာပါရာကိုပဲ ဦးစားပေးလွန်းသောကြောင့်ပင်။သက်ပြင်းတစ်ချက်ချကာ Computer Screen ထက်က ပုံရိပ်လေးအား ကြည့်ကာ အလင်္ကာ 14 နှစ်သားကတည်းက အလင်္ကာရင်အုံထက်တွင် နေရာယူထားသည့် နာမည်လေးအား အင်္ကျီအပြင်မှ ခပ်ဖွဖွပွတ်ကာ ပြောလိုက်သည်။

"မင်းက ချစ်ဖို့ကောင်းလွန်းတယ်"

ပြန်ဖြေသူမဲ့နေပေမယ့်လည်း အလင်္ကာ၏ နှုတ်ဖျားများကတော့ စကားလုံးလေးများ တစ်လုံးပြီးတစ်လုံး ထွက်ကျလာသည်။

"ဒါပေမယ့် ငါတို့ရဲ့ ခံစားချက်တွေကို ဒီမှာပဲ ရပ်တန့်‌လိုက်ရအောင်။.မင်းဘက်ကလည်း ရပ်တန့်ပေးရင် ပိုကောင်းသွားပါလိမ့်မယ် ..။"

အလင်္ကာ တစ်ယောက် ပုံရိပ်လေးအား ကြည့်ကာ ပြောလိုက်ပြီး ပုံနေသော အလုပ်များအား လုပ်ရန် ပြင်လိုက်သည်။ထိုအချိန်မှာပင် သူ့ရုံးခန်းတံခါးခေါက်သံ ကြားလိုက်ရသောကြောင့် အလင်္ကာ လည်း ဝင်ခဲ့ရန် ပြောလိုက်သည်။

"ဝင်ခဲ့ပါ"

သူ ထိုသို့ ပြောလိုက်တော့ ရုံးခန်းတံခါးကြီးအား ဖွင့်ကာ ဝင်လာသော Mr.Ren။
ထို့ကြောင့် လာရင်းကိစ္စအား မေးလိုက်သည်။

My Possessive Husband Is A Non_list Billionaire(Complete) Where stories live. Discover now