Part_22

52.5K 3.8K 568
                                    

မဟာတစ်ယောက် ဆိုဖာပေါ်တွင် ခပ်လျှောလျှောထိုင်ကာ မူးယစ်ဆေးပါသော Cigarettes အားဖွာရှိုက်နေ၏။တစ်ချက်တစ်ချက် သူ့၏မျက်လုံးများကလည်း နံရံတွင်ကပ်ထားသည့် နာရီပေါ်သို့ ရောက်သွားတတ်သည်။ငါးမိနစ်လောက်ကြာပြီးနောက်တွင် မဟာ့ တိုက်ခန်းတံခါးထံမှ ဘဲလ်တီးသံ မြည်လာ၏။ထို့ကြောင့် မဟာလည်း Cigarettes အား ဖွာရှိုက်နေရင်းပင် တံခါးထံသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားလိုက်ပြီး တံခါးဖွင့်ပေးလိုက်၏။မဟာတံခါးဖွင့်ပြီးပြီးချင်း  မြင်လိုက်ရသည်က လက်ထဲတွင် အထုတ်ပေါင်းများစွာ ဆွဲလာသည့် သူ့လူယုံဇာမ်။

"ငါမှာတဲ့ဟာ အကုန်ပါလား "

"ပါပါတယ် သခင်လေး"

"အင်း  ပြန်နားလို့ရပြီ"

ဇာမ်တစ်ယောက် သခင်လေးပြောသည့်စကားအား ခေါင်းတစ်ချက်ငြိမ့်ပြကာ Condo ရှေ့မှ ထွက်လာလိုက်ပြီး Elevator ဖြင့် မြေညီထပ်သို့ ဆင်းလာလိုက်သည်။

****

ဇာမ်တစ်ယောက် ပြန်သွားပြီးနောက်တွင် မဟာ တံခါးအား သေချာပိတ်ကာ အထုတ်များအားဆွဲ၍ မီးဖိုခန်းထဲသို့ ဝင်လာလိုက်သည်။မီးဖိုခန်းထဲရောက်ရောက်ချင်း ထိုအထုတ်များထဲတွင် ပါသော အရာများအား ပန်းကန်များထဲသို့ သေချာထည့်လိုက်သည်။
ကြက်ကြော်နှင့် ဘီယာဘူးများအား သပ်သပ်စီထား,ထားပြီးနောက် ဝယ်လာသည့်အချိန်ကြာမြင့်‌သွားသောကြောင့် အနည်းငယ် အေးအေးစက်ဖြစ်နေသည့် ကြေးအိုးအား အပူပေးစက်တွင် ပြန်၍ အပူပေးလိုက်သည်။
ပြီးနောက်  စတော်ဘယ်ရီဖျော်ရည်အား ဖန်ပုလင်းလေးထဲတွင် သေချာထည့်ပေးကာ အအေးခန်းထဲသို့ ပြန်အအေးခံထားပေးလိုက်သည်။အကုန်လုံးအဆင်သင့်ဖြစ်ပြီဆိုမှ သူ့ခြေလှမ်းများက အိပ်ခန်းထဲတွင် အိပ်နေသော ခွန်းအလင်္ကာမှူးထံသို့။

***
အိပ်ခန်းထဲရောက်ရောက်ချင်း သူ့အား ကျောပေးကာ ကုတင်ထက်တွင် အိပ်နေသည့်သူနားသို့ ခြေလှမ်းခပ်ဖွဖွလှမ်း၍ သွားလိုက်သည်။ကုတင်နားရောက်တော့ ဘေးတစ်စောင်း ဝင်ထိုင်လိုက်ပြီး နားထင်ရှိမှည့်နက်ကလေးအား နမ်းရှိုက်လိုက်သည်။အိပ်နေသူက လူးလွန့်လာပြီဖြစ်သောကြောင့် မဟာ ခပ်တည်တည်ဖြင့် မတ်တပ်ရပ်ကာ လက်ကို နောက်ပစ်ထားပြီး  ပြောလိုက်မိသည်။

My Possessive Husband Is A Non_list Billionaire(Complete) Where stories live. Discover now