Part-32

58.2K 3.3K 399
                                    

ဖြူဖွေးနေသည့် King Size အိပ်ယာထက်တွင် အဝတ်ဗလာဖြင့် အိပ်နေသော ကောင်ငယ်လေးနှစ်ယောက်။‌ထိုကောင်ငယ်လေးနှစ်ယောက်ထဲမှ တစ်ယောက်ကမူ လူးလူးလိမ့်လိမ့် ဖြစ်‌လာ၏။ထိုသူမှာ ခွန်းအလင်္ကာမှူးပင်။အလင်္ကာ ‌သူ့မျက်နှာပေါ်တွင် ကျရောက်လာသည့် ခပ်စူးစူးအလင်းရောင်ကြောင့် နိုးလာခဲ့သော်လည်း သူ့အား တင်းကျပ်စွာ ပွေ့ဖက်ထားသောသူလက်ထဲမှ ရုန်းလို့မရချေ။ ရုန်းပါများတော့ လူဆိုးကောင်သည် နိုးလာကာ အလင်္ကာ နားနားကပ်ကာ ပြောလာ၏။

"ကျစ် မောင် အိပ်နေတယ်လေကွာ!"

"ဖယ်ပေး ငါ ထတော့မယ်"

"ဘာလို့ ထမှာလဲ"

"သန့်ရှင်းရေး လုပ်ရအုံးမယ်"

"ပြီးပြီ "

"ကျစ်"

စဝ်ဈာန်မင်းမဟာမြတ် သူနှင့် မျက်နှာတစ်တန်းတည်းဖြစ်နေသော မှူး၏ နီဆွေးနေသော နှုတ်ခမ်းထက်သို့ တစ်ချက် နမ်း၍ မေးလိုက်သည်။

ပြွတ်စ်!

"ဘာတွေ စိတ်အလိုမကျ ဖြစ်နေတာလဲ "

ထိုအခါ မှူးသည် စိတ်အလိုမကျသည့်အသံလေးဖြင့် ပြန်ဖြေလာသည်။

"ငါ ရေချိုးချင်တယ်"

အလင်္ကာ ထိုသို့ပြောလိုက်တော့ လူဆိုးကောင်သည် ဖက်ထားရာမှ လွှတ်ပေးလာပြီး သူကိုယ်တိုင်လည်း အိပ်ယာထလာ၏။ထို့ကြောင့် အလင်္ကာလည်း အိပ်ယာမှ ထကာ အဝတ်ဗလာဖြစ်နေသည့် ခန္ဓာကိုယ်အား အကာအကွယ်ရစေရန်အတွက် စောင်ဖြင့်သာ ပတ်လိုက်သည်။ထိုအခါ လူဆိုးကောင်က Boxerတစ်ထည်ဖြင့် အိပ်ယာထက်မှ ထသွားပြီး Bathroom ပုံစံထင်ရသော အခန်းထဲသို့ ဝင်သွား၏။သိပ်မကြာခင်မှာပင် လက်ထဲတွင် Bathrobe အား ကိုင်ကာ ထွက်လာပြီး အလင်္ကာနားသို့ ရောက်တော့

"ရော့ ဒါဝတ်လိုက်"

"အင်း ကျေးဇူးပဲ"

"မြန်မြန်ချိုးနော် အအေးပတ်မယ် မောင် လေယာဉ်မှူးနား ခဏသွားလိုက်အုံးမယ်"

"အင်းအင်း"

ပြွတ်စ်!

ခွန်းအလင်္ကာမှူးအား တစ်ချက်နမ်းကာ စဝ်ဈာန်မင်းမဟာမြတ်လည်း Bathrobe အား ဝတ်ဆင်ပြီး ကြိုးအား ခပ်လျော့လျော့ ချည်နှောင်ကာ ‌လေယာဉ်မောင်းနှင်သူနားသို့ သွားလိုက်သည်။

My Possessive Husband Is A Non_list Billionaire(Complete) Where stories live. Discover now