Part_31

61K 3.5K 459
                                    

"ရွက်ဟောင်းကြွေလို့ ရွက်သစ်ဝေ"ဆိုသည့် စကားအတိုင်းပင်။အချိန်‌တွေ တဖြည်းဖြည်း ကုန်ဆုံးလာသည်နှင့်အမျှ လူအများလည်း ပြောင်းလဲကုန်ကြပြီပင်။အဓိက,ကတော့ စဝ်ဈာန်မင်းမဟာမြတ် နှင့် ခွန်းအလင်္ကာမှူးပင်။အလင်္ကာ Car Accident ဖြစ်ပြီး ပြန်ကောင်းလာသည့် နေကတည်းပင် သူတို့နှစ်ယောက်၏ ဆက်ဆံရေးမှာ ပို၍ပို၍ ချောမွေ့လာခဲ့လေသည်။ နှစ်ယောက်လုံးသည် တစ်ယောက်နှင့်တစ်ယောက် နားလည်သည်းခံပြီး နေပေးသည်။အလင်္ကာလည်း စုံစမ်းစစ်ဆေးရေးမှူး အလုပ်မှ ထွက်လိုက်သလို လူဆိုးကောင်ကတော့ သူ့၏တရားမဝင်အလုပ်များကို ဖြည်းဖြည်းချင်း စွန့်လွှတ်ပေး၏။ထိုတရားမဝင် အလုပ်တွေအစား ပညာရေး Foundation နှင့် မိဘမဲ့ဂေဟာများကို တည်ထောင်လာလေသည်။ထို့ကြောင့် တိုလင်နိုင်ငံသာမက တစ်ခြားနိုင်ငံများတွင် LK နာမည်များဖြင့် Foundation နှင့် မိဘမဲ့ဂေဟာများက အများအပြားပင်။လူဆိုးကောင်သည် အလင်္ကာနာမည်များဖြင့် ထိုသို့ပြုလုပ်ပေးသောကြောင့် အလင်္ကာ အတိုင်းမသိ ဝမ်းသာရသည်။အတွေးစများအား လက်စသတ်ကာ အောက်ထပ်သို့ ဆင်းလာလိုက်တော့ တိတ်ဆိတ်မှုက ကြီးစိုးထားသည်။ထို့ကြောင့် သက်ပြင်းတစ်ချက်ချကာ ရေခဲသေတ္တာထဲမှ ရေတစ်ဘူးအားယူ၍ ဖန်ခွက်ထဲ ထည့်ကာ သောက်လိုက်သည်။ဒီနေ့နဲ့ဆို လူဆိုးကောင် C Cityသို့ သွားတာ တစ်ပတ်ပင် ပြည့်တော့မည်။ထိုတစ်ပတ်အတွင်းတွင်လည်း လူဆိုးကောင်သည် အလင်္ကာ အား ဖုန်းလေးတစ်ချက်တောင် မဆက်သွယ်ခဲ့ပေ။
သူ ကသာမျှော်နေရတာ ။ထိုသူကတော့ အလင်္ကာ အား ရှိသေးသည်ဟုရော ထင်ရဲ့လား။ထိုအချိန်  ဖုန်းထံသို့ message တစ်စောင်ရောက်နေသည်။

*Private Jet လွှတ်ပေးလိုက်မယ် အဆင်သင့်ပြင်ထား*

စာပို့တာကအစ လူဆိုးကောင်သည် သိပ်ကို အထက်စီးဆန်လွန်းလှသည်။သို့သော် ထိုသို့အထက်စီးဆန်ပုံကို အလင်္ကာ သဘောကျ၏။message ဖတ်ပြီး တစ်ချက်ပြုံးလိုက်ကာ အိမ်ပေါ်ထပ်သို့ တက်လာပြီး လူဆိုးကောင်၏ အခန်းထဲသို့ ဝင်လာလိုက်သည်။လက်ထဲမှ ဖုန်းအား တစ်ချက်ကြည့်လိုက်ပြီး အကြံရသွားသောကြောင့် ဖုန်းscreen ထက်သို့ သူ့လက်ချောင်းရှည်ရှည်သွယ်သွယ်လေးများ အလုပ်ပေးလိုက်သည်။
တစ်ဖက်သူအား Message ပို့ပြီးသွားမှ ကျွန်းဗီရိုအား ဖွင့်လိုက်တော့ အနက်ရောင်အဝတ်အစားများကအပြည့်။ထို့ကြောင့် အလင်္ကာလည်း Coat အနက်တစ်ထည်အား ယူလိုက်ပြီး အထဲကဘာမှ မခံဘဲ ဝတ်လိုက်သည်။ပြီးနောက်တွင်တော့ Nike Brand ဖြစ်သော ဦးထုပ်အနက်‌အား ဆောင်းကာ ဖိနပ်ကိုတော့ Nike ဖိနပ်အဖြူလေးပဲ စီးလိုက်၏။
ပြင်ဆင်လို့အပြီးတွင်တော့ သူ့အခန်းထဲမှ Wellet နှင့် ဖုန်းအား ယူကာ အောက်ထပ်သို့ ဆင်းလာလိုက်ပြီး ဆိုဖာဆက်တီတွင် ခပ်လျှောလျှောထိုင်ကာ လူဆိုးကောင်အား စောင့်နေလိုက်သည်။

My Possessive Husband Is A Non_list Billionaire(Complete) Where stories live. Discover now