Part_19

49.5K 3.6K 270
                                    

နှစ်နှစ်ကြာပြီးနောက်

August 11 .2021 ခုနှစ်...။

တိုလင်နိုင်ငံ၏ အကြီးဆုံး ထောက်လှမ်းရေးမှူး ရုံးချုပ်..။ရုံးချုပ်တွင် အလုပ်လုပ်နေသော ဝန်ထမ်းများပါမက အခုမှ အလုပ်စဝင်သော တက်သစ်စ ထောက်လှမ်းရေးမှူးများလည်း အလုပ်ရှုပ်နေကြ၏။ပြီးနောက် ရာထူးမြင့်သော ထောက်လှမ်းရေးများ အပါအဝင်ပေါ့။အဘယ်ကြောင့်ဆိုသော် တိုလင်နိုင်ငံ၏ အကြီးတန်း ထောက်လှမ်းရေးမှူး သူတို့ရုံးချုပ် တွင် စတင် အလုပ်လုပ်မယ့် နေ့ ဖြစ်သောကြောင့်ပင်။ဒီရုံးချုပ်ကိုလည်း သူပဲ တည်ထောင်ခဲ့သော်လည်း ဘယ်တော့မှ ရောက်မလာခဲ့ချေ။အခုတော့ ဆိုင်းမဆင့်ဘုံမဆင့် သူ လာမည့်အကြောင်းအရာကို ရုံးချုပ်သို့ Email ပို့ လာသောကြောင့်ပင်။
ရောက်လာမည့် ထောက်လှမ်းရေး‌မှူး၏ အားသာချက်က ဘယ်အမှုကြီးများကိုမဆို ဖော်ထုတ်နိုင်သည်။အားနည်းချက်ကတော့ အမြဲမျက်နှာသေနဲ့သာ နေပြီး ဘယ်သူ့ကိုမှ အဖတ်လုပ်ပြီး စကား မပြောချေ။ထိုအချိန်ရုံးချုပ်‌ရှေ့သို့ ပြိုင်ကား အဖြူရောင် တစ်စီး ထိုးရပ်လာ၏။ ကားပေါ်မှ ဆင်းလာမည့် သူအား ရုံးချုပ် တစ်ခုလုံးက သိသိသာသာရော မသိမသာ ရော ခိုးကြည့်နေကြ၏။ပြိုင်ကားထဲမှ ထွက်လာသောသူ၏ ပုံရိပ်သည် ရုံးချုပ် တစ်ခုလုံးကို ကြက်သေ,သေသွားနိုင်စေသည်။ပြိုင်ကားပေါ်မှ ဆင်းလာသောသူသည် ဆွယ်တာအဖြူကို ဂျင်းအဖြူဖြင့် တွဲဖက်ကာ ဝတ်ဆင်ထားကာ အပေါ်ကနေ Long coat အညိုရင့်ရောင်အား အပေါ်ထပ်အနေဖြင့် ဝတ်ဆင်ထား၏။ဆံနွယ်ဖြူဖြူများကို အပြောင်သိမ်းထားသောကြောင့် ဖြူအုနေသော မျက်နှာလေးကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။သို့သော် တင်းတင်းစေ့ထားသော နှုတ်ခမ်းတစ်စုံ နှင့် ရေခဲတမျှ အေးစက်လွန်းလှသော မျက်ဝန်းပြာပြာတစ်စုံသည် ကြီးမားလွန်းသော အရှိန်အဝါအား ရစေသည်။ထိုသူသည် ကြားထားသည့်သတင်းအတိုင်း မည်သူ့ကိုမှ ဂရုမစိုက်စွာ Revolving doorမှ ရုံးချုပ်ထဲသို့ ဝင်လာသည်။

***

Ren တစ်ယောက် ရုံးချုပ်မှ ဝန်ထမ်းများအား ကြည့်ကာ တစ်ချက်ရယ်လိုက်မိသည်။သူ့တုန်းကလည်း ထိုလူသားအား တွေ့တွေ့ချင်း အဲ့လိုပဲ ဖြစ်ခဲ့သည်မလား။ရေသေလို တည်ငြိမ်နေတဲ့ မျက်နှာနှင့် ကောင်ငယ်လေးအား တွေ့တွေ့ချင်း သဘောကျခဲ့သော်လည်း ထိုကောင်ငယ်လေး၏ လက်သကြွယ်တွင် ဝတ်ထားသော စေ့စပ်လက်စွပ်လေးက သူ့အား ပြောင်ပြနေ၏။Ren တစ်ယောက် သက်ပြင်းချလိုက်ပြီး အတွေးများအား လက်စသတ်ကာ Revolving doorမှ ဝင်လာသော သူအား သွား၍ ကြိုဆိုလိုက်သည်။

My Possessive Husband Is A Non_list Billionaire(Complete) Where stories live. Discover now