Part_23

54.5K 3.7K 769
                                    

နေ့လည်ခင်းတွင် လက်ထပ်ပွဲ လုပ်ပြီးသွားတော့ ညတွင် သူငယ်ချင်းများနှင့်အတူပျော်ပါးရန်အတွက် Party ပွဲ လုပ်ရပြန်၏။
Partyပွဲနေရာအတွက်ကတော့ စဝ်ဈာန်မင်းမဟာမြတ်၏ ခြံဝန်းကျယ်ကြီးထဲမှာပင် ဖြစ်သည်။ ခြံဝန်းသည် တော်တော်ကို ကျယ်ပြီး ခြံနောက်တွင်လည်း သစ်ပင်ကြီးများဖြင့် ပြည့်နှက်နေ၏။ထိုသစ်ပင်ကြီးများနားတွင် ရေကူးကန်အကျယ်ကြီးတစ်ကန်ကို Luxury ဆန်ဆန် ပြုလုပ်ထားလေသည်။
ညအချိန်ဖြစ်သောကြောင့် ခြံဝန်းတစ်ခုလုံးက မီးရောင်များဖြင့် လင်းထိန်နေပြီး တိုလင်နိုင်ငံ၏ နန်းတော်တစ်ခုအလား တည်ရှိနေလေသည်။

"Hey မဟာ "

ဒီရာမျိုး သူ့ သူငယ်ချင်း Billionaire ကြီးအား ခေါ်လိုက်တော့ အနက်‌ရောင် Shirt လက်ရှည်နှင့် Pant အနက်ရောင်အား တွဲ၍ ဝတ်ဆင်ထားသူက ဒီရာမျိုးကို လှည့်ကြည့်လာသည်။
မဟာသည် လုံးဝကို စွဲမက်ဖွယ်ကောင်းသော ယောကျာ်းတစ်ယောက် ဖြစ်သည်။အခုလည်း ဆံနွယ်ရှည်များအား စုထုံးထားပြီး လက်တွင်လည်း Brande တစ်ခွက်ကိုင်ထားကာ ထိုခွက်ကို လှုပ်နေ၏။နောက်လက်တစ်ဖက်ကတော့ Style Pant ဘောင်းဘီ အိပ်ကပ်ထဲ ထည့်ထားလေသည်။6'3"လောက်ရှိသော အရပ်နှင့် ရင်အုတ်ကျယ်ကြီးများမှ မိန်းကလေးများအတွက် နားခိုချင်စရာ။ရင်နာစရာကောင်းတာတော့ သကောင့်သားရဲ့ နှလုံးသားထဲမှာ လူတစ်ယောက်ရှိနှင့်ပြီးပြီပင်။ဒီထက် ပိုရင်နာစရာကောင်းတာတော့ မဟာသည် အိမ်ထောင်ရှိအမျိုးသား တစ်ယောက် ဖြစ်သွားခဲ့ချေပြီပင်။

မျက်ခုံးနက်နက်များ တွန့်ချိုးနေခြင်းအား ကြည့်ခြင်းဖြင့်  စိတ်မရှည်တော့မှန်းသိသောကြောင့် ဒီရာမျိုး အတွေးများအား လက်စသတ်ကာ စကားစလိုက်သည်။

"Congratulations ငါ့ကောင်ကြီး"

"အင်း!*

သူ့ရဲ့ ပါးစပ်အမူအကျင့်တိုင်း မစရရင်မနေနိုင်သော ဒီရာမျိုးသည် မဟာ့အား စဖြသ်အောင် စလိုက်သေးသည်။

"ငါ့အလှလေးကို ဂရုမစိုက် မဟုတ်ရင် ငါ့ပြန်လာသိမ်းမှာ"

"အဲ့ပါးစပ်ကို အိမ်သာရေနဲ့ သွားဆေးလိုက်အုံး "

My Possessive Husband Is A Non_list Billionaire(Complete) Where stories live. Discover now