Part_41

44.9K 3K 93
                                    

မနက်ခင်းစောစောစီးအချိန်တွင် မဟာတို့ စံအိမ်၌ ကောင်လေးတစ်ယောက်သည် တက်ကြွနေ၏။

"ခရီးသွားရမှာ အဲ့လောက်တောင် ပျော်လား"

"ငါက တောရွာလေးတွေကို မသွားဖူးဘူးလေ အဲ့တာမို့ နည်းနည်း ရင်ခုန်နေတာ"

မှူး၏စကားကို ခေါင်းငြိမ့်ကာ တုန့်ပြန်လိုက်ပြီး သူ့လက်တွင် ပတ်ထားသည့်နာရီအား စဝ်ဈာန်မင်းမဟာမြတ် ကြည့်လိုက်သည်။

"မောင်တို့ သွားရအောင် ခရီးက နည်းနည်းကြမ်းတော့ အချိန်လင့်မှာဆိုးလို့"

"အင်း"

ထို့နောက်တွင်တော့ မှူးလက်အား ဆွဲကာ အောက်ထပ်သို့ ဆင်းလာလိုက်ပြီး စင်ဝင်အောက်တွင် ရပ်ထားသည့် ကားပေါ်သို့ ဂရုတစိုက် တက်ခိုင်းလိုက်သည်။ ပြီးနောက် လက်ထဲတွင်ပါလာသည့် အစားအစာဘူးနှင့် စောင်အပါးအား Backseat တွင်ထားလိုက်ပြီး သူပါ Driver seat တွင် ဝင်ထိုင်ကာ ကားစက်နှိုး၍ ကထိကရွာသို ဦးတည်လိုက်သည်။
မနက်စောစောအချိန်ဖြစ်သောကြောင့် လမ်းမထက်တွင် ကားများလည်း တစ်စီးစနှစ်စီးစသာ ရှိ၏။ ထို့ကြောင့် သူလည်း အရှိန်နည်းနည်းတင်လိုက်ကာ မောင်းလိုက်သည်။

***
အလင်္ကာ ကားမှန်မှတစ်ဆင့်အပြင်ဘက်သို့ ကြည့်နေတုန်းမှာပင် မောင်က မှန်အားချပေးလာသောကြောင့် မနက်ခင်းလေအေးအေးလေးများက သူ့ထံသို့ တိုးဝှေ့ကာ တိုက်ခတ်လာလေ‌သည်။ထို့ကြောင့် သူလည်း မောင့်အား ကြည့်မိလိုက်တော့  ခေါင်းအား ဖွကာ ပြောလာ၏။

"အကြာကြီးမရဘူးနော်"

"အင်း"

အလင်္ကာ ထိုသို့တုန့်ပြန်လိုက်ကာ ကားမှန်အပြင်ဘက်သို့ သူ့လက်အား ထုတ်လိုက်ပြီး လေညင်းခံနေမိသည်။ဒီလို လုပ်သည့် ခံစားချက်မျိုးကို အလင်္ကာ အရမ်းနှစ်သက်သည်။ အဘယ်ကြောင့်ဆိုသော် အခုလိုလုပ်လိုက်ပါက စိတ်ညစ်ညူးနေတာများ ပျောက်သွားသည်ဟု ထင်မှတ်သည်။အချိန်တော်တော်ကြာ လက်အား ထုတ်ထားမိတော့ သူ့၏လက်ထိပ်ဖျားကလေးများက နီလာလေသည်။ထို့ကြောင့်  လက်အား ပြန်သိမ်းလိုက်ကာ ဝတ်လာသည့် အနွေးထည်အိတ်ကပ်ထဲသို့ ပြန်ထည့်ထားလိုက်ပြီး သဘာဝရှုခင်းများကိုသာ ကြည့်နေမိသည်။

My Possessive Husband Is A Non_list Billionaire(Complete) Where stories live. Discover now