Part_17

49.2K 3.4K 236
                                    

ပထမနှစ် အတွက် Examination ပြီးဆုံးသည့်နေ့.
ညနေ ငါးနာရီ အချိန်၌ ;

ဒီနေ့လို ရက်မျိုး၌ တိုလင်နိုင်ငံ၏ လမ်းမ ထက်တွင် ကားများ တဝှီးဝှီးဖြင့် လူငယ်များသည် စိတ်လွတ်ကိုယ်လွတ်ဖြင့် မောင်းနှင်နေကြသည်။ထိုသို့ မောင်းနှင်နေသူ အများစုမှာ အသက် မပြည့်သေးသော်လည်း မိဘတွေ၏ အရှိန်အဝါကြောင့် ဒါမှမဟုတ်  အာဏာ ရှိသော မိသားစုများမှ ကလေးငယ်များပင် ဖြစ်၏။လမ်းမထက်တွင် ပြေးလွှားနေသောကားများထဲမှ ပြိုင်ကားအဖြူရောင်လေး အတွင်း၌ သူငယ်ချင်းနှစ်ယောက်သည် Short trip သွား ဖို့ တိုင်ပင်နေကြ၏။ဦးဆောင်ပြောသူမှာ
ရတုရှင်းသာ..။

"အလင်္ကာ ငါတို့  ဘယ်နေ့လောက် သွားမလဲ ?"

ရတု ထိုသို့မေးလိုက်တော့ ကား မောင်းနှင်နေသူက ပြန်ပြောလာ၏။

"မင်းသဘော လေ  ငါက ရတယ် "

"အိုခေ အိုခေ တစ်ခြားသူတွေကိုရော ခေါ်အုံးမလား?"

"ကျစ် ရှုတ်ရှုတ်ယှက်ယှက်"

"ပိုပျော်ဖို့ ကောင်းတယ်လေ အလင်္ကာ ရ"

".."

".."

ကားထဲတွင် တိတ်ဆိတ်ငြိမ်သက်သွား၏။ထို့ကြောင့် ရတု သူ့သူငယ်ချင်းကြီးအား သေချာ ကြည့်မိသည်။

စကီတိုင်ယာ ကိုင်ထားသောလက်နှစ်ဖက်သည်  ဖြူအုနေပြီး အကြောစိမ်းများ ယှက်တွယ်နေ၏။ကားအား သူတို့လို အကြမ်းပတမ်း မမောင်းနှင်။ဂရုတစိုက်သာ မောင်းနှင်နေ၏။ဘေးတိုက် မြင်နေရသော ပါးတစ်ဖက်မှာလည်း အကြောစိမ်းသေးသေးလေးများက လှပစွာ တည်ရှိနေပြီး နီဆွေးနေသော နှုတ်ခမ်းလေးကလည်း သူ့သူငယ်ချင်းနဲ့မှ ပို၍ လိုက်သယောင်ယောင်။ တွန့်ချိုးနေတဲ့ မျက်ခုံးနှစ်ဖက်အား ကြည့်ခြင်းအားဖြင့်  ခရီးထွက်ရင် လူများတာ မကြိုက်တဲ့ အလင်္ကာက အလိုမကျကြောင်း ‌ဖော်ပြနေ၏။သူ့သူငယ်ချင်းသည် စော်ဘွားမျိုးနွယ် လို့ အပြောလွတ်ပင်။တစ်ချက်ကြည့်ရုံနဲ့ အထက်တန်းစား မျိုးရိုးထဲကမှန်း တန်းသိသည်။အလင်္ကာ၏ပုံသည် ချောသည် လှသည် ထက်ပို၍  မဟာ ဆန်သည့် ဘက်အား ရောက်သွားပြီပင်။သူ့သူငယ်ချင်းကြီးက တကယ်ကိုပင် မိန်းကလေးများထက်ပို၍ အဆတစ်ရာလောက် ပိုပြီး လှလွန်းအားကြီး၏။။ ရတု ကားမောင်းနေသောသူအားကြည့် ကောင်းကောင်း ဖြင့် ကြည့်နေမိသည်။ထိုအချိန် သူ့သူငယ်ချင်းနားမှ ပျံ့လွှင့်လာသော စကားသံ။

My Possessive Husband Is A Non_list Billionaire(Complete) Where stories live. Discover now