Part_15

53.5K 3.7K 451
                                    

သုံးလကြာပြီးနောက်:

တိုလင်နိုင်ငံ၏ အကြီးဆုံး BNA သတင်းဌာန မှ ထုတ်လွှင့်သော သတင်းတစ်ပုဒ်။
Screen ထက်တွင် မိန်းမ‌လှလေး တစ်ယောက်၏ နှုတ်ဖျားမှ ထွက်လာသော စကားလုံးများအား လူထုက စိတ်ဝင်တစား နားထောင်နေကြသည်။

"အားလုံးပဲ မင်္ဂလာပါ ဒီနေ့တင်ဆက်ပေးမယ့်

သတင်း၏ ခေါင်းစဉ်မှာကတော့

တော်ဝင်မျိုးနွယ်၏ နောက်ဆုံးမျိုးဆက်ဖြစ်‌သော ဦးမဟာတင့် ၏ မြေး စဝ်ဈာန်မင်းမဟာမြတ်သည် စေ့စပ်ထားသူ ရှိနေရက်နဲ့ လူမှုကျင့်ဝတ် ဖောက်ပြားခြင်း "ဆိုသည့် သတင်းပဲ ဖြစ်ပါတယ်။
ထိုမိန်းမလှလေး တင်ဆက်ပြီးသည်နှင့်တစ်ပြိုင်နက် Media မှန်သမျှတွင် ထိုသတင်းနှင့် ပတ်သတ်ပြီး အများဆုံး ဝေဖန်ခံနေရသည်။

***
ဦးမဟာတင့် စံအိမ်;

စံအိမ်တစ်ခုလုံးတွင် ‌သက်တော်စောင့်များ နှင့် ပြည့်နှက်နေပြီး စံအိမ်၏ အနီးအနား ပတ်ဝန်းကျင်တွင်လည်း သတင်းသမားများ ရောက်ရှိနေ၏။

"ကျစ် !"

ဆိုဖာပေါ်တွင် ခပ်လျှောလျှော မှီထိုင်နေပြီး အညိုရောင်ဘက်အနည်းငယ်သန်း‌နေသော
နှုတ်ခမ်းထူထူထက်တွင် ဆေးခြောက်အနည်းငယ်ပါသော Cigarette အား ဖွာရှိုက်နေ၏။ထွက်ပေါ်နေသော သတင်းများက သူနှင့်မဆိုင်သလို။ထိုသူသည် စဝ်ဈာန်မင်းမဟာမြတ်ပင်။မဟာ တစ်ယောက် အခုလက်ရှိဖြစ်နေသော သတင်းများကို စိတ်မဝင်စားသော်လည်း အိမ်ထဲတွင် အကျယ်ချုပ် ပိတ်မိနေသောကြောင့် စိတ်ကျဉ်းကျပ်နေ၏။
ထို့ကြောင့် ဆေး‌‌ပါသော ‌cigarette အား ဖွာရှိုက်လိုက်မှ သူ့စိတ်ထဲတွင် နေသာထိုင်သာ ရှိသွား၏။

"စဝ်ဈာန်မင်းမဟာမြတ်"

"ဘာလဲဗျာ "

"မင်း အဲ့မိန်းကလေးနဲ့ ဖြစ်ခဲ့တာ တကယ်လား"

"ကျစ် ဖိုးဖိုးကလည်း အခုက IT ခေတ်  ကျွန်‌တော်ကိုယ်တုံးလုံး ပုံယူပြီး သူတို့ Edit လိုက်လို့လည်း ရတယ် "

"အေး မင်းပဲသိ မင်းပဲတတ် တစ်ဖက်က မင်းစေ့စပ်ထားတဲ့သူ မြေးငယ် အလင်္ကာလေးကိုလည်း အားနာအုံး "

My Possessive Husband Is A Non_list Billionaire(Complete) Where stories live. Discover now