Part_18

49.3K 3.6K 206
                                    

အမြန်လမ်းမထက်တွင် Home Car လေး တစ်စီးသည် လျှင်မြန်စွာ သူ့၏ဦးတည်ရာ နေရာသို့ မောင်းနှင်နေ၏။မနက်ခင်းအစောတည်းက ခရီးထွက်လာသော်လည်း  အခုထိ မရပ်နားသေးပါ။ကားထဲ၌ စကားသံများ တိတ်ဆိတ်နေပြီး Ruth B သီဆိုထားသည့် Dandelion သီချင်းလေးသည် ကားထဲ‌တွင် ပျံ့နှံ့နေ၏။

ရတု တစ်ယောက် သူ့ဘေးနားက အရင့်ရောင်အား ကြည့်လိုက်တော့ အိပ်မောကျနေ၏။ထို့ကြောင့် နှာတစ်ချက်မှုတ်လိုက်ကာ တစ်ကိုယ်တည်း ရေရွတ်မိသည်။

"ဟမ့် လေကြီးလေကျယ်ကောင်!"

ထိုသို့ ရေရွတ်မိပြီးနောက် သူ့၏ မျက်လုံးများက နောက်ကြည့်မှန်သို့ ‌ ရောက်သွားတော့ အံ့ဩဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ကို တွေ့လိုက်ရ၏။အလင်္ကာသည် မဟာ၏ ပုခုံးပေါ်တွင် ခေါင်းမှီကာ အိပ်ပျော်နေပြီး မဟာကလည်း အလင်္ကာ သက်တောင့်သက်သာ အိပ်ရစေရန် ကျောအား မတ်ထားပေး၏။
ပြီး‌နောက် သူ့လက်တစ်ဖက်အား အလင်္ကာ
လည်ပင်း မနာစေရန် ခုထား‌ပေး၍
သူကိုယ်တိုင်ကတော့ တကယ်အိပ်နေသည်လား မှိန်းနေသည်လား မသိ။အခုချိန် သူဖုန်းထုတ်လို့ ရရင် ဒီလိုပုံရိပ်မျိုးအား ဓာတ်ပုံအမိအရ ရိုက်ထားပြီပင်။ရတု တစ်ယောက် အတွေးများအား လက်စသတ်ကာ ကားအား ဂရုတစိုက်ဖြင့် မောင်းနှင်လိုက်သည်။

မကြာခင် ၄၄ အကွေ့သို့ ရောက်တော့မည်မလား။အဆင်းကြီးဆိုတော့ သူ့ဘရိတ်အား ခြေထောက်ဖြင့် နင်းထားသော်လည်း ဘရိတ်က လွတ်နေသည် ထင်ပါရဲ့။ထို့ကြောင့် သူ့ဘေးက အရင့်ရောင်အား နိုးလိုက်မိသည်။

"ဟေ့ကောင် ! အရင့်ရောင် ထအုံး ဘရိတ် မမိဘူး 44 ကွေ့ရဲ့ အဆင်းရောက်တော့မှာဟ !"

"ဘာ !!"

အရင့်ရောင် သူ့အားလာနိုးပြီး ကားဘရိတ်မမိတဲ့ အကြောင်းအား တရစပ်ပြောနေသူကြောင့် လန့်ဖြတ်ပြီး အော်မိသည်။သူ့အော်သံကြောင့် ကားထဲကသူများ နိုးလာကြ၏။

***
အလင်္ကာ အိပ်ပျော်နေတုန်း အော်သံ တစ်ခုကြောင့် လန့်နိုးလာသည်။ ရတုနှင့် အရင့်ရောင်တို့၏ မျက်နှာတွင်လည်း ထိန့်လန့်မှု အပြည့်ပင်။

My Possessive Husband Is A Non_list Billionaire(Complete) Where stories live. Discover now