Part_37

47.7K 3.2K 640
                                    


RECOMMEND SONG-ထူးအိမ်သင်းရဲ့ နာရီ‌ပေါ်က မျက်ရည်စက်များ

***
Uni

မြို့ပြနဲ့ဝေးရာ တောအုပ်ကလေးထဲရှိ ထောင့်မှန်စတုဂံပုံစံ ရှိသော အိမ်အနက်လေး၏ အခန်း၏ကုတင်ထက်၌ ကောင်ငယ်လေး နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် တင်းကြပ်စွာ ဖက်၍ အိပ်နေကြသည်။ဘေးပတ်ပတ်လည်တွင်ရှိသည့် သစ်ပင်ပန်းမန် အရိပ်ကြောင့် နေရောင်ခြည် မရသော်လည်း ငှက်ကလေးများ၏ တေးဆိုသံကြောင့် အလင်္ကာ အိပ်ယာထက်တွင် လူးလွန့်ကာ ‌နိုးလာခဲ့လေသည်။

"အင်းး"

လူဆိုးကောင်ဖက်ထားသည့် လက်မှ ရုန်းထွက်ဖို့ ကြံနေတုန်းမှာပင် အလင်္ကာ၏ နှာခေါင်းအား ခပ်ဖွဖွ ကိုက်လာပြီး စကားပြောလာသောသူ။နိုးခါစဖြစ်သောကြောင့် လူဆိုးကောင်၏ အသံသည် ခပ်ရှရှ ဖြစ်နေ၏။

"ထတော့မို့လား"

"အိမ်ပြန်ရအောင်လေ"

"မောင်ကတော့ မင်း‌ လက်ဆောင် ပေးထားတဲ့ ဟော့ဒီ အိမ်ကလေးမှာပဲ တစ်သက်လုံး နေချင်တော့တယ်"

"ငါတို့အသက်ကြီးလာမှ ပေါ့ ငါ့ကို လွှတ်ပေးအုံး"

စဝ်ဈာန်မင်းမဟာမြတ် သက်ပြင်းတစ်ချက်ချလိုက်ကာ မှူး အား လွှတ်ပေးလိုက်ပြီး ပက်လက်လှန် အိပ်လိုက်သည်။

ပြီးမှ

"မှူး"

"ဟင် "

"ကွာရှင်းစာချုပ်က ဘာလို့ ရက်အတိအကျနဲ့လဲ"

လူဆိုးကောင်၏စကားကြောင့် မှူး ခပ်ဟဟ ရယ်လိုက်ပြီး ပက်လက်လှန်ကာ လှဲနေသူ၏ ခြောက်သွေ့နေသော နှုတ်ခမ်းအား တစ်ချက်နမ်းလိုက်၏။

ပြွတ်စ်!

ပြီးနောက် ကုတင်ဘေးနားက စားပွဲတွင် တင်ထားသည့် ဖုန်းအား ယူကာ သူ့၏ပင်တိုင်ရှေ့နေ့အား ဖုန်းဆက်လိုက်သည်။

"Hello "

*ဟုတ်ကဲ့ ပြောပါဗျာ ကိုခွန်းအလင်္ကာမှူး*

"ကွာရှင်းစာချုပ် မလိုတော့ပါဘူး အဲ့တာ လှမ်းပြောတာပါ"

*ဟားဟား~ရပါတယ်ဗျာ ဒါတွေက အိမ်ထောင်သည်တိုင်း ဖြစ်ပျက်တဲ့ သဘာဝတရားတွေပါ *

My Possessive Husband Is A Non_list Billionaire(Complete) Where stories live. Discover now