𝗦𝗻𝗲𝗮𝗸𝘆 𝗟𝗶𝗻𝗸 ⧸⧸ 𝗣𝗿𝗼𝗹𝗼𝗴𝘂𝗲 ❮𝗨𝗻𝗶❯

4.8K 201 22
                                    

"မင်းက ငါ့ရဲ့ တိတ်တိတ်ပုန်းသာသာပဲ သူမနဲ့ယှဉ်ရင် မင်းက ဘာမှမဟုတ်လို့ ငါ့ကို ဆက်သွယ်နေတာတွေ ရပ်လိုက်တော့"

"damn! ခင်ဗျားကို ကျွန်တော် အဲ့တာတွေကြွေတာ... မစာမနာစကားတွေကို မျက်တောင်တစ်ချက် မခတ်ဘဲ ဘယ်လိုတောင် ပြောထွက်နိုင်ရတာလဲ?"

ကလေးငယ်လေး Jake အတွက် စက်ရုပ်တွေ ၊ ကားတွေထက် ပိုလိုချင်ခဲ့တဲ့ အရာက အကိုဖြစ်သူရဲ့ သူငယ်ချင်း Jay Park ။

ထိုလူဟာ ထက်မြက်တယ်။ ပင်လယ်ပြင် အလယ်က ကျောက်ဆောင်ကြီးလို မာကျောတယ်။ ပြီးတော့ အသည်းထဲအထိ စူးအောင့်သွားစေနိုင်တဲ့ စကားတွေကို မညှာမတာ ရက်ရက်စက်စက် ပြောနိုင်တယ်။

ရယူဖို့ရာလည်း ခက်ခဲလှပြီး ပိုင်ရှင်ကလည်း ရှိပြီးသား ဖြစ်တဲ့ ထိုလူကိုမှ Jake Sim ဆိုတဲ့ သူဟာလည်း မိုက်ရူးရဲဆန်စွာ စွဲလန်းခဲ့တယ်။

သို့သော်လည်း Jake Sim ဆိုတာက လိုချင်တာကို မရရအောင် ယူတတ်တဲ့ လူစားမျိုး။ ဦးနှောက်ဟာလည်း ထိုအရာက ရယူရန် ပိုခဲယင်းလေ ပိုတန်ဖိုးကြီးလေလို့ မှတ်ယူထားတယ်။

ဒါကြောင့် Jay Park ဟာလည်း ဘယ်လောက်ပဲ ငြင်းဆိုနေပါစေ အဆုံးသတ်မှာတော့ သူ့ရင်ခွင်ဆီ တည့်တည့်မတ်မတ် ရောက်လာရလိမ့်မယ်။

.........................................

Trigger Warnings

- cheating (forced)
- seducing
- gaslighting
- illegal substances
- murdering attempt
- main leads are switchs
- mature contents include
- scenes that are not suitable for under sixteen

so, please read at your own risk.

(စိတ်ကောက်နေကြမှန်း သိလို့ ဒါလေးအရင် တင်ပေးတာ ㅠㅠ)

𝗦𝗻𝗲𝗮𝗸𝘆 𝗟𝗶𝗻𝗸  ▍𝗗𝗼𝘂𝗯𝗹𝗲𝗝Where stories live. Discover now