𝗦𝗻𝗲𝗮𝗸𝘆 𝗟𝗶𝗻𝗸 ⧸⧸ 𝗖𝗵╺ 𝗫𝗫𝗜𝗜𝗜 ❮𝗨𝗻𝗶❯

795 108 21
                                    

"Ikeu ငါ video ရိုက်ပေးမယ်"

camera တစ်လုံးအား ဖွင့်ကာ ပြောလာတော့ Jake က သူ့အား ဝေဖန်စွာ မော့ကာ ကြည့်သည်။

ဒီနေ့က လေးလပိုင်း ၂၀ ။

တစ်နည်းအားဖြင့် တောင်ကိုရီးယားက ကျပ်မပြည့်တဲ့ hotel ပိုင်ရှင်ရဲ့ မွေးနေ့။

မိဘမဲ့ဂေဟာ သွားချင်တယ် ပြောတာကြောင့် Sunghoon မှာ မငြင်းနိုင်။

မနေ့တစ်နေ့ကမှ ကျောက်ပတ်တီးဖြေပြီးသော လက်အား အသုံးပြုကာ မနေ့ညနေကတည်းက ဟိုဟာဒီဟာ ခိုင်းသမျှ လိုက်လုပ်ပေးနေရသည်။

အမှန်တော့ ဒီနေ့က Jake ပို့ထားတဲ့ Ethan ပုံတွေထဲက တစ်ပုံကို ‌သေချာလေး ဆွဲမလို့။

သို့သော်လည်း ကျက်သသုဥ်းကြောင်၏ မွေးနေ့က လာဖျက်သည်။

Jake Sim က Ethan Lee ရဲ့ ညီအရင်း ဖြစ်မနေတာ သူ့အတွက် ကံကောင်းစရာ တစ်ခုလို့ပဲ ပြောရမလား?

အခုတောင် တစ်ခုခုဆို 'Ethan hyung ပုံ‌ ပေးမယ်' 'Ethan hyung ပုံ ပေးမယ်' နဲ့။

Pinterest ကလည်း သွားရှာမရတော့ Sunghoon က စူပုတ်ပုတ်နှင့် ခိုင်းသမျှ လိုက်လုပ်ရသည်။

တစ်ခါတုန်းကဆို ‌ကျက်သသုဉ်းကြောင်ရဲ့ ပုံကိုပါ ခဲပန်းချီ သေးသေးလေး ဆွဲခိုင်းခဲ့သေး။

"Jake ခံစားချက် ‌ဘယ်လိုနေလဲ?"

Sunghoon က ရွှင်ရွှင်မြူးမြူး ပြောတော့ Jake က သူ့အား မျက်လုံးလှန်ကာ စူးခနဲ ကြည့်လာတယ်။

ကြည့်ရတာ စိတ်ကလေးကလည်း မကြည်ဘူးထင်ပါရဲ့...။

"Park Sunghoon ငါ့ကို မကူချင်တိုင်း camera တစ်လုံးနဲ့ ပေါက်ကရ လျှောက်လုပ်မနေနဲ့ ပရဟိတ သွားလုပ်တာ ဘာမှမထူးဆန်းဘူး"

အဆူခံလိုက်ရတဲ့ Sunghoon ဟာ အဆူခံလိုက်ရတဲ့ အလျောက် နှုတ်ခမ်းတို့ အပြင်သို့ တိုးထွက်လာသည်။

သို့သော်လည်း ထိုစိတ်ကောက်ခြင်းဟာ တစ်နာရီတောင် မကြာလိုက်။

ကားမောင်းနေတဲ့ Jake ကို camera ချိန်ပြီး Sunghoon က တစ်ခုပြီးတစ်ခု တတွတ်တွတ်ကို အနား၌ ထိုင်ကာ စကားများနေခဲ့တယ်။

Jake ကတော့ 'နားညီးလိုက်တာကွာ' လို့ ပြောခဲ့ရှာပေ‌မဲ့ နှုတ်ခမ်းတွေကတော့ ပြုံးနေခဲ့တာမို့ Sunghoon ကလည်း ပါးစပ်ထဲ ခြောက်သွေ့သွားသည်အထိ မပြီးဆုံးနိုင်သော ဟိုဟာ ၊ ဒီဟာများအကြောင်း ထိုင်ကာ ပြောခဲ့ပါရဲ့။

𝗦𝗻𝗲𝗮𝗸𝘆 𝗟𝗶𝗻𝗸  ▍𝗗𝗼𝘂𝗯𝗹𝗲𝗝Where stories live. Discover now